Ch-15

261 22 0
                                    

Unicode
......

Hidden god shen yin, Last immortal
Chapter(15) part 1
...

မသေမျိုးတွေလည်း ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်သောအခါ လွင့်ပျံနေသောကြာပန်းရောင်စုံနဲ့အတူ ဆံပင်ဖြူဖြူဝတ်ရုံဖြူဖြူဝတ်ထားသော သုံ့ဟွာလော့ရှန်းကျွင်းကို တွေ့လိုက်ကြရ၏။ သူက တိမ်တိုက်တွေကြားထဲမှာတည်ငြိမ်စွာရပ်နေလေသည်။

ထို့ကဲ့သို့သုံ့ဟွာရဲ့ရုတ်တရက်ထွက်ပေါ်လာမှုဟာ မသေမျိုးတွေအားလုံးကို အံ့အားသင့်သွားစေ၏။ လွန်ခဲ့သောနှစ်ရာပေါင်းများစွာက သုံ့ဟွာသည် အနယ်နယ်အရပ်ရပ်မှမိတ်ဆွေများဆီသို့ သူတံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ကြောင်း သတင်းပို့စာများပို့ပေးခဲ့ဖူးသည်။ အခုတော့ သူက နှစ်တစ်ရာကျော်သာရှိသေးသောတပည့်ငယ်တစ်ယောက်အတွက် သူ့ရဲ့နတ်ဘုရားကျင့်စဉ်တွေကို လွယ်လွယ်လက်လျှော့ခဲ့လေပြီလား?။

များစွာသောလူတွေလည်းမျက်လုံးအဝိုင်းသားနဲ့ တစ်ယောက်တပြန်ကြည့်ရင်း အဖြေကိုရှာမရပေ။ သို့သော် ကူချင်းကိုမနာလိုသည့်စိတ်ကတော့ သူတို့အကြည့်ထဲမှာဖြတ်ပြေးသွား၏။

"ဆရာ"

သုံ့ဟွာရုတ်တရက်ရောက်လာတာမို့ ကူချင်းလည်းအံ့သြသွားမိသည်။ ထို့အတူ သူ့စိတ်ထဲမှာလည်း ရှက်စိတ်နဲ့အတူ ကိုယ့်ကိုကိုယ်အပြစ်တင်မှုတွေကိန်းအောင်းလာ၏။

တိမ်ပေါ်မှာရပ်နေသောသုံ့ဟွာက ကူချင်းကိုမြင်တော့ အသာယာခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် သူကတိမ်တိုက်များပေါ်ကနေဖြတ်ကာ ဖုန့်အကြီးအကဲများနဲ့ လူအုပ်ရှေ့သို့ဆင်းသက်လာ၏။ သုံ့ဟွာမြေပေါ်ရောက်နေပြီဖြစ်သော်လဲ မိုးပေါ်က ကြာပွင့်များကတော့ ပျက်ပျယ်မသွားသေးပေ။ ထို့အတူ ဝူးထုံတောအုပ်ပေါ်တွင် အကာအရံတစ်ခုပမာ အုပ်မိုးထားလေသည်။

လျှင်မြန်သောလျှပ်စီးလိုအလျှင်နဲ့ လမ်းမှာရှိသမျှအရာမှန်သမျှကို လေပြင်းပြင်းဝေ့တိုက်ပြီးလာသည်က အရင်လိုအေးဆေးပြီး နွေးနွေးထွေးထွေးဆက်ဆံတတ်သော အဖိုးကြီးသုံ့ဟွာနဲ့တောင်မတူပါချေ။ ဒီလို သုံ့ဟွာရဲ့ပေါ်ထွက်လာမှုဟာ ပြဿနာမီးထွန်းရှာထားသော ထိုကလေးငယ်ဘက်မှရပ်တည်ပေးဖို့ဆိုတာ သိသာထင်ရှားလှ၏။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now