Ch-10part1

324 31 1
                                    

Unicode
..
Hidden god shen yin
Chapter(10) part1

အခုဆို ဝူးထုံကျွန်းပေါ်ကဧည့်သည်များအားလုံး ဘယ်သူမှ မနက်စောစော aရချိုးခွင့်မရတော့ပေ။ ဘာလို့ဆို သုံ့ဟွာလော့ရှန်းကျွင်းရဲ့ တပည့်ငယ်လေးပျောက်ဆုံးသွားသည်လေ။ ဒါကြောင့် ကျန်တဲ့တပည့်တပန်းများကလည်း ဖုန့်ဟွမ်ကိုအကူအညီတောင်းကာ ကူချင်းအား ကျွန်းတပတ်လည်ရှာဖွေရေးစတင်ခဲ့ကြရ၏။

နောက်ဆုံးမှသာ ကူချင်းကို ဝူးထုံတောအုပ်ထဲရှာတွေ့ခဲ့တာမို့ သူတို့စိတ်ဒုံးဒုံးချနိူင်ကြတော့သည်။ ထိုကဲ့သို့ ကူချင်းရဲ့အမွှေဇယားကိစ္စဟာ ကျွန်းပေါ်ကလူတိုင်းဆီ တောင်ပံဖြန့်ကျက်လိုက်သလိုသတင်းပျံ့သွားပြီး မနက်ခင်းကနေစလို့ ညစာစားချိန်တိုင် မသေမျိုးတွေရဲ့ အတင်းအဖျင်းစကားဝိုင်းတွေမှာ ထိပ်ဆုံးကနေရာယူထားလေသည်။

မသေမျိုးတွေအတွက်တော့ ဂုဏ်ရှိန်မြင့်မားလှတဲ့ သုံ့ဟွာမှာ ဒီလိုတပည့်မျိုးရှိနေတာ ရှက်ဖွယ်ကောင်းလှသည်ပေါ့။

ဒါပေမဲ့ ဖုန့်ဟွမ်၊ ဖုန့်ရန်တို့နဲ့အတူ ခန်းမထဲစကားစမြည်ပြောနေသော တောင်ပင်လယ်နဂါးမင်းကတော့ သတင်းတွေကိုကြားပေမဲ့လည်း ဝူးထုံကျွန်းပေါ်၌ပတ်မွှေခဲ့သောငရှုပ်ကူချင်းကို အပြစ်မြင်သည့်စိတ်မျိုးမရှိပါပေ။ သို့သော် မဆိုသလောက်လေးတော့ ကဲ့ရဲ့လိုက်၏။

"သူ့ကိုသိပ်အများကြီး စိတ်မပူပါဘူး။
အဲ့ကောင်လေးက အစထဲကရူးကြောင်ကြောင်နဲ့!"

ဒါ သူ့ရင်ထဲကတိုးတိုးလေးပြောမိတဲ့စကားသံတွေသာ ဖြစ်သည်။

သုံ့ဟွာလော့ရှန်းကျွင်းနဲ့ ကောင်းကင်ဘုံဧကရာဇ်ဟာ ဆက်ဆံရေးကောင်း ပိုင်ဆိုင်ထားကြသူများဖြစ်ကြတာမို့ ဒီတပည့်ငရှုပ်ကြောင့် အရင်လိုဦးစားပေးခံရတာတွေတောင် ရှိလာနိုင်ပါတော့မလား?။

တောင်ပင်လယ်နဂါးမင်းဟာ အမြော်အမြင်ရှိသူဖြစ်သည်။ ဒါကြောင့် ဖီးနစ်နန်းတော်ကနေထွလာပြီးပြီးချင်း သူ့ရဲ့တပည့်များနဲ့မြေးမြစ်များကို ကူချင်းအကြောင်း အမှားအမှန်သေချာမသိဘဲ ထင်ရာဇွတ်ပြောတာတွေရှောင်ကြဉ်ကြဖို့ သေချာမှာထား၏။ လူတိုင်းမှာလည်း သူ့အကြောင်းနဲ့သူရှိကြသည်မို့ ဧကရာဇ်ကလည်း ကူချင်းကိုအပြစ်ကြီးကြီးမားမားမပေးတာကြောင့် ကျွန်းပေါ်ကလူအများကြား ပြောစရာတစ်ခုဖြစ်သွားသည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now