Ch-33

218 16 0
                                    

Hidden god shen yin
Chapter (33) Part 1
....

"တာ့ကျဲတောင်တပည့်ကူချင်း မင်းသမီးကျင်းကျောက်ကိုနှုတ်ခွန်းဆက်ပါတယ်"

ကွေ့ရှူးတောင်ပေါ်ကိုတိုက်ခတ်လာသော လေနုအေးလေးကြောင့် ရွှေနဂါးပန်းပင်တွေကလည်း ဟိုဒီယိမ်းထိုးကုန်ကြသည်။ အချိန်အတော်ကြာမှသာ ကူချင်းဟာ ခါးကိုကိုင်းတယ်ဆိုရုံလေးကိုင်းပြီး ကျင်းကျောက်ကို အရိုအသေပေးလိုက်၏။

ဘာတွေပဲဖြစ်ခဲ့ဖူးပါစေ ကျင်းကျောက်က အသက်နှစ်သောင်းဝန်းကျင်ရှိပြီမို့ သူ့ထက်အသက်ကြီးသည်မဟုတ်လား?။

ဖြစ်ရပ်ဆိုးကြီးရဲ့နောက်ကွယ်ကတရားခံဟာ ဝူဟွမ်းဖြစ်ပြီး ကျင်းကျောက်က သူမအမေရဲ့အကျင့်စရိုက်တွေကိုဆက်ခံထားသူလည်းဖြစ်သည်။ သူမအဖေ သေဆုံးခဲ့ရတဲ့အကြောင်းတွေက သူမအတွက်ဒေါသထွက်စရာအကြောင်းတွေပဲလေ။

အတိတ်တုန်းက သူ့ကိုအတင်းဦးညွတ်ခဲ့ရသည့် ချင်းချီနန်းဆောင်က သခင်လေးယွမ်ချီမဟုတ်တော့ဘူးဆို ကူချင်းသက်သေပြပစ်လိုက်ချင်သည်။

"ကူချင်းလား?"

ကျင်းကျောက်က သူ့နာမည်ကိုပြောရင်း သူမရဲ့အကြည့်တွေကလည်းလက်ခနဲဖြစ်သွား၏။

တပုံစံထဲပါပဲလား?။ သူမက ယွမ်ချီနဲ့ ရှေးနတ်ဘုရားလောကမှာတုန်းက နှစ်တစ်ရာလောက်အတူတူနေခဲ့ဖူးတာကြောင့် ဒီအကြည့်တွေကို သူမသိပ်မှတ်မိတာပေါ့။

"မင်းကငယ်ငယ်လေးထဲက အဆင့်မြင့်မသေမျိုးအဖြစ်မွေးဖွားလာခဲ့တာ။ သုံ့ဟွာက ကြည့်ရသလောက်တော့ အမြင်ရှိသားပဲ။ ငါလည်း ရှုရှန်းဆီမရောက်တာအတော်ကြာပြီဆိုတော့ အပြင်မှာဘာတွေဖြစ်နေလဲမသိဘူး။ မင်းကတော့ သုံးလောကမှလူသိများမယ့်ပုံပဲ!"

"မင်းသမီးကျင်းကျောက်, ဆရာပြောခဲ့တာတော့ ကျွန်တော်ငယ်ငယ်က လူမှုရေးတော်တော်မသိတတ်ပြီး ရိုင်းလည်းရိုင်းစိုင်းတယ်တဲ့။ ဒါပေမဲ့ အမှန်မြင်ပြီး တာ့ကျဲတောင်တပည့်အဖြစ်ခံယူလိုက်ကတည်းက ကျွန်တော်လည်း မင်းသမီးလိုအပြင်လောကနဲ့ မထိတွေ့ရတာကြာပြီလို့ဆိုရမယ်"

ယွမ်ချီရဲ့ပုံစံက တကယ့်ကိုပိုင်ကြွယ်ငယ်ငယ်က အတိုင်းပင်။ အောက်ဘုံလောကမှာ ပညာသင်ဖို့လွှတ်လိုက်ကတည်းက ထျန်းချီဟာ ယွမ်ချီရဲ့အတွင်းအားကို ချိတ်ပိတ်ရုံသာမက သာမန်လူတွေမမှတ်မိအောင်လည်း ရုပ်ရည်ကိုဖုံးကွယ်ပေးထား၏။ ဒါပေမဲ့ သူ့ရဲ့သန့်စင်တဲ့မျက်ဝန်းတစ်စုံနဲ့ ပိုင်ကြွယ်ရဲ့အရိပ်အယောင်တွေကတော့ ဖုံးကွယ်မရပါချေ။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now