Ch-4

744 54 5
                                    

Unicode
....

Hidden god, Shen Yin
အခန်း-၄
..
ဓားသွားသဏ္ဍာန်မျက်ဝန်းများက ဆွေခနဲဖြစ်သွားသည်။ ရေရဲ့ကြည်လင်မှုနဲ့အတူ သူ့ရဲ့ပုံပန်းသွင်ပြင်ဟာ ပန်းချီကားတချပ်အလားပင်။ ဒီပုံနဲ့သာဆိုရင် သုံးလောကမှာရှိတဲ့ မိန်းမပျိုလေးတွေကိုအလွယ်လေးဆွဲဆောင်နိုင်မှာပဲ။ သို့ပေမဲ့ အေးတိအေးစက်မျက်လုံးတွေပိုင်ဆိုင်ထားတာကတော့ စိတ်မကောင်းစရာ....။ သို့သော် ရေထဲကနေတဆင့်မြင်နေရသောသူ့ပုံရိပ်ဟာ ငယ်စဉ်က ရုပ်ရည်သွင်ပြင်နဲ့ဘာမှထူးမခြားနားပါချေ။

သူ့နောက်ကို လက်ထပ်ဖို့ဆိုပြီး တကောက်ကောက်လိုက်နေတဲ့ နတ်သမီးတစ်ပါးက သူ့ကိုကြည့်ရင်းစိတ်ခံစားချက်အပြည့်နဲ့စကားဆိုဖူးသည်။ ပန်းဆိုတာ အမြတ်တနိုးတစိမ့်စိမ့်ကြည့်နေရတာကောင်းပေမဲ့ ခြုံတောထဲက ပန်းဖြစ်မနေဖို့တော့လိုသည်တဲ့...။

ဖုန့်ရန်(ကောင်းကင်ဧကရာဇ်) ကျင်းပခဲ့သော ဝူးထုံကျွန်းရှိ မွေးနေ့ စားသောက်ပွဲတစ်ခုပြီးသွားကတည်းက နတ်သမီးဟွားရှုအကြောင်းကို မကြားရတာကြာချေပြီ။ ပြီးတော့ အဲ့ချိန်ကနေစပြီး သူ့ဘဝဂြိုဟ်ဆိုးဝင်ခဲ့တာပဲ။ သူဒီလိုကြီး အကျဉ်းကျသွားလိမ့်မယ်လို့ သူလည်းဘယ်ထင်ခဲ့ပါ့မလဲ?။ ကူချင်းသက်ပြင်းချလိုက်ကာ သဘက်ကိုခါးမှာပတ်လိုက်ရင်း အစိမ်းရောင်ခြုံနွယ်များပေါ်ကနေဖြတ်လျှောက်သွားလိုက်၏။

ရက်ပေါင်းတစ်ထောင့်ရှစ်ရာကျော်ကြာခဲ့ပြီးတာတောင် သူ့အနေနဲ့ လူနဲ့တူတာဆိုလို့ ခုနကသေရည်လာလာပို့တတ်သောကလေးမလေးကိုသာ သူတွေ့ဖူးသည်။ ဆရာကလည်း တအားမချုပ်ချယ်ထားပေမယ့် သူဒီတောင်ချိုင့်ဝှမ်းမှာ ကိုယ့်ကိုကိုယ် ဖုန်တက်ဆွေးမြေ့မသွားအောင် နေနေရ၏။(Tn-ပျင်းပြီးသေသွားမှာစိုးလို့ပါ)

ကူချင်း တောင်ထိပ်ပေါ်ကိုမော့ကြည့်ရင်း သူ့ရင်ထဲတင်းကျပ်လာသည်။ အကယ်၍ နေနတ်မင်း(လောကပါလနတ်မင်းလေးပါးထဲကတစ်ပါး)ကသာ သူ့ရဲ့စိတ်စွမ်းအင်တွေကို ချိတ်ပိတ်မပစ်ခဲ့ဘူးဆိုရင် တနေကုန်အိပ်လိုက်စားလိုက်ပဲနေနေတတ်တဲ့ ဝတုတ်(ရှင်းရီ) ကို အဖော်လုပ်ခိုင်းနေစရာတောင်မလိုပေ။ ပြောရရင် တာ့ကျဲတောင်ပေါ်က မှော်စွမ်းအားတွေကတောင် သူ့ကိုတားဆီးနိုင်မှာတဲ့လား?။ ဟင့်အင်း သူ့ကိုတားဆီးနိုင်လောက်တဲ့ထိအားပြင်းမနေဘူး!။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now