Ch-5

707 57 2
                                    

Unicode
.....
Hidden god, Shen Yin
Chapter(5) part1
....

အမှောင်ထုကိုဖြိုခွင်းကာ မှိန်ပျပျအလင်းတန်းက အစားထိုးဝင်ရောက်လာသည်။ တောင်ချိုင့်ဝှမ်းရဲ့အနက်ရှိူင်းဆုံးနေရာဆီမှ အလင်းရောင်တခုဖြတ်ပြေးသွား၏။

အဖြူရောင်တိမ်တိုက်၊ အပြာရောင်မိုးသား၊ မြစိမ်းရောင်မြက်ခင်းလွင်ပြင်တောင်တန်းများနဲ့ အမျိုးထောင်ချီသောပန်းမာန်များ၊ တသွင်သွင်စီးဆင်းနေသောစမ်းချောင်းရဲ့ရေစီးသံ...အရာအားလုံးဟာ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းပြီး နားဝင်ချိုလှသည်။ ဒါပထမဆုံးတွေ့ရတဲ့ ကမ္ဘာလောကကြီးရဲ့ရှုခင်းပဲ!။ တသက်မမေ့နိုင်စရာ မြင်ကွင်းလေးတစ်ခုပဲပေါ့။

ရွှေရောင်ပိုးစာပင်ကြီးရဲ့အရွက်တွေကလည်း နူးညံ့စိုပြေလွန်း၏။ ဒါကြောင့် ထိုအရွက်တွေကြားထဲက အကောင်ငယ်လေးဟာ ဟိုဒီလူးလိမ့်ရင်း မျက်လုံးလေးတဝက်ဖွင့်ကာ ကဗျာဆန်တဲ့လောကကြီးကို ရှုစားနေသည်။ ပျင်းပျင်းနဲ့သန်းလိုက်မိသော်လည်း အခုမြင်နေရတဲ့လောကရှုခင်းကိုတော့ သူအတော်လေးနှစ်ခြိုက်ပါ၏။

ထိုအချိန် အဖြူရောင်တိမ်တိုက်တစ်ခုက ပျံလာကာ အရိပ်သဏ္ဍန်တခုကိုလည်း မြင်လိုက်ရသည်။ တဖြေးဖြေးနဲ့ တိမ်တိုက်ပေါ်ကလူဟာ စမ်းချောင်းနဲ့မလှမ်းမကမ်းတွင် ဆင်းလိုက်ပြီး ရေထဲသို့ကူးသန်းသွား၏။ ဒါကြောင့်သိပ်မကြာခင်မှာလဲ လူငယ်တစ်ယောက်ရဲ့ မိမွေးတိုင်းဖမွေးတိုင်းပုံသဏ္ဍာန်ဟာ ရုပ်လုံးပေါ်လာခဲ့သည်။

ဒါကြောင့် သတ္တဝါငယ်လေးဟာ သူ့မျက်လုံးတွေကိုလက်သေးသေးလေးတွေနဲ့ဖုံးလိုက်ပေမဲ့ လက်ချောင်းလေးကိုဖြဲကာချောင်းတော့ကြည့်လိုက်မိ၏။ ရှေ့မှာမြင်နေရတဲ့အရာက ပုံမှန်ထက်ပိုနေတာကြောင့် အကောင်ငယ်လေးလည်း သူကိုယ်တိုင်တောင်မသိလိုက်ခင် ပြုံးစိစိဖြစ်သွားသည်။

ထို့နောက်လူငယ်က တဘက်ကိုခါးမှာပတ်လိုက်ရင်း သူ့ဆီလာနေတာမြင်တော့ အကောင်ငယ်လေးဟာ ချက်ချင်းမျက်လုံးတွေမှိတ် ပက်လက်လှန် ခြေအစုံကိုမိုးပေါ်မြှောက်ပြီး အိပ်ချင်ယောင်ဆောင်နေတော့သည်။
(Tn-ဟဲ့ချစ်စရာလေး)

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now