Ch8 part-2

368 36 0
                                    

Unicode
.....
Zawgyi
...
Hidden God, Shen Yin
Chapter(8) Part(2)

ပိယွင်ကဒီကိစ္စတွေကို အနည်းအကျဉ်းသိထားသော်ငြားလည်း မှန်သည်မှားသည်တော့ဝင်မပြောပါချေ။ သို့သော်လင်ကျွမ်းလွှတ်ခနဲထွက်သွားသော ပေါက်ပန်းလေးဆယ်စကားတွေကြောင့် သူမစိတ်ထဲအမြင်ကတ်မိ၏။ နောက်ပြီးရှေ့မှာတွေဝေစွာရပ်နေသော ဖက်တီးပုတ်ရဲ့ပုံစံကိုမြင်တော့ သူမပိုလို့စိုးရိမ်သွားရပြန်သည်။ ဒီကောင်လေးသာ လင်ကျွမ်းရဲ့စကားတွေကိုပြန်ဖွခဲ့ရင် ?

ဒီလိုသာဆိုလို့ကတော့ သူမဘယ်လောက်ပဲဝင်မပါဘူးပြောပြော နန်ရှန်းအိမ်တော်ကတော့ သုံးလောကရဲ့အပယ်ခံ အတင်းအဖျင်းပြောခံ ဖြစ်လာတော့မှာ!။

ကူချင်းက ခုမှအသက်တစ်ရာကျော်ပဲရှိသေးတာကို ။ သူဒီလိုပဲ အမြဲခဏခဏသူများခလုတ်တိူက်တာကိုခံနေရတော့မှာလား!။(သူများစွပ်စွဲတာမျိုးကိုပြောတာပါ)။

သူ့ရင်ထဲမှာလည်း ခုချိန်ထိမဖြေရှင်းနိုင်သေးတဲ့ ဆူးတွေရှိနေဆဲဖြစ်သည်။ ထျန်းချီကလည်း သူသိချင်တာတွေကိုမပြောပြသလို ဖုန့်ရန်သည်လည်းထိုနည်းတူပင်။

သူသိတာနှစ်ခုက သူမွေးလာသောအခါ တခြားသောရှေးနတ်ဘုရားတွေက အမည်နာမမှည့်ပေးခြင်းနဲ့ ဖခင်ဖြစ်သာပိုင်ကြွယ်ရဲ့သေဆုံးခြင်းသာဖြစ်၏။

တကယ်လို့ယွမ်ချီက အတိတ်အကြောင်းတွေအနဲအကျဉ်းသိနေရင်တောင်မှ သူအကုန်လုံးကိုတော့ ဘယ်နားလည်နိုင်ပါ့မလဲ?။ လျစ်လျူရှုတယ်ဆိုတာနဲ့ပဲ နောင်တတရားတွေ နာကျင်မှုတွေမရှိရတော့ဘူးတဲ့လား?။ သူ့ဘဝက မိဘတွေရဲ့စွန့်ပစ်တာခံရတဲ့အပြင် မွေးစားအဖေအမေတောင် ခေါ်ခွင့်မရခဲ့အောင် ကံဆိုးလွန်းလှသည်

ကူချင်းရင်ထဲက နှစ်ရှည်လများသိမ်းဆည်းထားခဲ့ရသော ဒဏ်ရာတွေဟာ တစထက်တစပိုကြီးလာပြီး သူ့သွေးတွေကိုပွက်ပွက်ဆူလာစေ၏။ သူ့နှုတ်ခမ်းနှစ်လွှာကလည်း တဆတ်ဆတ်တုန်ယင်နေသလို ချထားသောလက်နှစ်ဖက်ဟာလည်း ငြိမ်ငြိမ်ထားလို့ကိုမရချေ။ ဒါကြောင့် သူပြန်ပြောဖို့စကားရှာမရကာ တိတ်ဆိတ်နေရခြင်းဖြစ်သည်။

"နတ်ဘုရားပိုင်ကြွယ်သေသွားခဲ့ပြီဆိုပေမဲ့ ခုချိန်ထိ တန်ခိုးကြီးနတ်ဘုရားတွေကရှိနေတုန်းပဲလေ!။ သခင်လေးလင်ကျွမ်း, ရှင့်ကြည့်ရတာ ချင်းချီနန်းတော်ကသခင်လေးရဲ့မျိုးရိုးအကြောင်းအရမ်းစိတ်ဝင်စားနေပုံပဲ! ဒါဆို ဝမ်ထျန်းလမ်းကို အလည်အပတ်လေးဘာလေးသွားပြီး ရှေးနတ်ဘုရားတွေကို ကိုယ်တိုင် နားလည်အောင်မေးကြည့်သင့်တယ်။ မိဘတွေစွန့်ပစ်တာခံရတာနဲ့ပဲ အဆင့်မြင့်နတ်ဘုရားမျိုးရိုးကသခင်လေးတစ်ယောက်က ကျန်တဲ့မသေမျိုးတွေရဲ့လေးစားမှုကိုမခံယူရတော့ဘူးလား?"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now