Ch-30

290 26 1
                                    

Unicode
....
Hidden god, Shen Yin
Chapter (30)
.....

နောက်တနေ့မနက်ကူချင်းနိုးလာတော့ မြေခွေးမျိုးနွယ်ဆီသွားဖို့လုပ်ပေမဲ့ မြေခွေးလေးဟာပျောက်ခြင်းမလှကိုပျောက်သွားသည်။ ကျီယွဲ့တောင်ဆိုတာကလဲ အကာအရံအတားအဆီးများတာမို့ ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာမဟုတ်ပေ။

ပိပေါ်နဲ့စန်းဟောက်ကလွဲလို့ ကူချင်းတောင်မှ လွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာဖို့ခက်ခဲသည်။ သို့သော် မြေခွေးလေးရဲ့ခြေရာလက်ရာတောင် မကျန်အောင်ပျောက်ဆုံးသွားမှုက အားလုံးကိုအံ့သြသွားစေ၏။

ဒါပေမဲ့လည်းအချိန်ကို အကျိုးရှိစွာအသုံးချရမှာကြောင့် ကူချင်းနဲ့အားယင် မြေခွေးမျိုးနွယ်တွေဆီ လက်ဗလာနဲ့ပြန်သွားဖို့ဆုံးဖြတ်လိုက်ကြရသည်။ စန်းဟောက်က နှစ်ယောက်ကိုတောင်ခြေထိလိုက်ပို့ပေမဲ့ ပိပေါ်ကိုတော့လာတာမတွေ့ရပေ။

"မြေခွေးလေးကတော့ တကယ့်မလွယ်ကြောပဲ။ သူက ကျီယွဲ့တောင်ရဲ့အစီအရင်ချိတ်စည်းတွေကိုတောင် အေးဆေးဖြတ်နိုင်နေတာ!။ ကျူးယွေ့ဘုံကိုးဆင့်ထဲတောင်ဝင်သွားလိုက်သေးတယ်! ဒီနဂါးအိုကြီးကိုသက်သက်မဲ့ လာခေါင်းစားခိုင်းနေတာ!!။

ဒါမှမဟုတ် နတ်မင်းထျန်းချီများ အစီအရင်ကိုသေချာစစ်ဆေးဖို့မေ့ကျန်ခဲ့တာလား? ဟူး မြေခွေးလေးက အရှင်ချန်းချင်ရဲ့တူလေးဟုတ်မဟုတ်ဆိုတာလည်း ငါအဖိုးကြီးမသိပြန်ဘူးကွာ..."

ကူချင်းက အတွေးနယ်ချဲ့ရင်းနဲ့ တခုခုကိုသတိရသွားပုံပေါက်ကာ ကူချင်းဆီသို့ စာတစ်စောင်ကမ်းပေးလိုက်သည်။

"ငါ့တူ...မင်းက နတ်လောကကသုံ့ဟွာရဲ့တပည့်ဆိုတော့ မြေခွေးမျိုးနွယ်တွေနဲ့ အဆင်ပြေမှာပါ။ သူတို့ဆီက ဖီးနစ်သစ်ပင်ကြောင့် အမြီးငါးချောင်းမြေခွေးလေးတွေကို မွေးထုတ်နိုင်ခဲ့တာ နှစ်ထောင်ချီခဲ့ပြီ။ ဒီတော့ဖီးနစ်သစ်ပင်က သူတို့အတွက်ရတနာပဲ။ "

တခြားမြေခွေးမျိုးနွယ်အကြီးအကဲတွေက မောက်မာပေမဲ့ ချန်းချင်ကတော့ အဲ့လိုအကျင့်မရှိဘူး။ မင်းကိုတော့ဝင်ခွင့်ပေးလောက်မှာပါ။ ငါလွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ချင်းမိန်နဲ့ ချင်းဟောက်ရဲ့အသက်ကို ကယ်တင်ပေူခဲ့ဖူးတယ်။ ဆိုတော့ကာ ဒီစာကိုသူတို့လက်ထဲရအောင်ထည့်ခဲ့!။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now