Ch-31

273 23 0
                                    

unicode
..
Hidden god shen yin
Chapter (31) part 1
...

သွားနေတဲ့လမ်းတလျှောက် အားယင်လဲ ကူချင်းကို မမေးဘဲကိုမနေနိုင်တော့ချေ။

"အားချင်း, အရှင်ချန်းချင်နဲ့ ဧကရာဇ်ဖုန့်ရန်က ဆွေမျိုးတွေမှမဟုတ်ဘဲ!။ အာ့တာကို ဘာလို့ အရှင်ချန်းချင်ကိုပါဖြောင့်ချက်ပေးနေရတာလဲ?။ ရှင် ဖုန့်ယင်အပေါ်လုပ်ခဲ့တဲ့အမှားကသူနဲ့ဆက်စပ်နေလို့လား? ဒါမှမဟုတ် ဧကရာဇ်ဖုန့်ရန်နဲ့ သူက အရမ်းရင်းနှီးလို့လား?"

တကယ်တော့ဒါတွေအားလုံးဟာ အကြီးပိုင်းတွေရဲ့ကိစ္စဖြစ်တာမို့ ကူချင်းကို ချန်းချင်ကတာဝန်ခံခိုင်းတာမဖြစ်သင့်ဘူးမလား?။

ကူချင်းက အားယင်မေးတာကိုကြားတော့ သက်ပြင်းချကာတိုးတိုးလေးပြောလိုက်သည်။

"ဆရာတူအစ်ကိုကြီးပြောတာကြားတာတော့ ဝူးထုံကျွန်းကဆက်ခံသူဖုန့်ယင်ကို အရှင်ချန်းချင်က သူ့တူလေးဟုန်ရိနဲ့လက်ဆက်ပေးဖို့ အရှင်ဖုန့်ရန်ကိုပြောဖူးတယ်တဲ့။ ငါထင်တာတော့ ဝူးထုံကျွန်းနဲ့ အရှင်ချန်းချင်ကဆက်နွယ်နေတာဆိုတော့ ငါ့အပြစ်နဲ့ပက်သက်ပြီးဒေါသထွက်တယ်ဆိုတာ ဖြစ်သင့်ပါတယ်!"

ဒါကိုကြားတော့ အားယင်က မျက်မှောင်ကြုတ်ကာပြောလိုက်၏။

"ဘာလဲဟ? ဧကရာဇ်ဖုန့်ရန်ဆိုရင်တောင် ဆက်ခံသူဖုန့်ယင်ကို ဟိုလူနဲ့လက်ထပ်ခိုင်း ဒီလူနဲ့လက်ထပ်ခိုင်းမလုပ်သင့်ဘူး။ အရှင်ချန်းချင်လိုအပြင်လူဆို ကိုယ့်ဘာသာကိုပဲနေသင့်တယ်!"

သူမကရိုးရိုးပြောလိုက်တာပေမဲ့ ကူချင်းကတော့ ခဏကြောင်သွားသည်။ ဒါကြောင့် သူကအားယင်ရဲ့ခေါင်းလေးကိုပုတ်ကာ ကလေးတွေးတွေးတတ်သူမို့နားလည်ပေးလိုက်၏။

သူတို့နှစ်ယောက် တဖြေးဖြေးနဲ့ လျှောက်လာရင်း တိတ်ဆိတ်ခြင်းရေကန်နားဆီရောက်လာကြသည်။

တိတ်ဆိတ်ခြင်းရေကန်ဟာ မြေခွေးမျိုးနွယ်တွေကျက်စားရာတောင်ရဲ့နောက်ဘက်အကွယ်နားမှာတည်ရှိ၏။ ကန်ရဲ့အလယ်ခေါင်တည့်တည့်မှာတော့ ကျွန်းသေးသေးလေးတစ်ခုရှိသည်။ ထိုကျွန်းပေါ်ရှိမြင်နေရသောဖီးနစ်သစ်ပင်သည် ကျူးယွေ့ဘုံကိုးဆင့်ထဲက သစ်ပင်ထက်နှစ်ဆလောက်ကြီး၏။ တစ်ပင်လုံးမှာလည်း အခက်အလက်တွေကဝေဆာနေသေးသည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now