Ch-19 part2

258 21 1
                                    

Last Immortal, Hidden god shen yin
Chapter(19) part 2
.....

သုံ့ဟွာက ကူချင်းအားခေါင်းညိမ့်ပြီး ပြောလိုက်သည်။

"ဝူးထုံကျွန်းက ဖုန့်မျိုးနွယ်တွေက ရှေးနတ်ဘုရားလောကမှာထဲကရှိခဲ့တာ။ ဒါကြောင့် ဖုန့်ယင်ရဲ့ဝိဉာဉ်ကို ဘိုးဘေးသစ်ပင်ကြီးရဲ့အလယ်ဗဟိုစွမ်းအား ဗဟိုချက်မနေရာမှာ စောင့်ရှောက်ပေးထားတယ်။ ပြီးတော့ ဖုန့်မျိုးနွယ်ရဲ့တော်ဝင်သွေးတွေက ရိုးရိုးမီးမှုတ်နိုင်တဲ့ဇာမဏီတွေလို မဟုတ်ဘူး။

မီးဇာမဏီကျောက်စိမ်းကလည်း ဖုန့်ယင်အတွက် အားဖြည့်ပေးတဲ့အရာတွေထဲက တစ်ခုပဲ။ ဖုန့်ယင်နဲ့ကျောက်စိမ်းက တခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ တိုက်ဆိုင်ချင်တော့ ကျောက်စိမ်းထဲကစွမ်းအားထက် သစ်ပင်ကြီးဆီကအားက အရင်ထွက်ပေါ်လာခဲ့တယ်လေ။

ခန့်မှန်းကြည့်ရသလောက် ဒါကလည်း အရမ်းမဆိုးပါဘူး။ ဒါကြောင့် အခုလည်းသူ့ရဲ့ပြိုကွဲသွားတဲ့ဝိဉာဉ်ရဲ့ အတွင်းအားက အပင်ကြီးရဲ့ဗဟိုချက်မနေရာမှာပဲ ရှိနေနိုင်တယ်။ ငါတို့ သူမရဲ့ဝိဉာဉ်ကို ဆယ်နှစ်လုံးရှာမရခဲ့တာလည်းဒါကြောင့်ပါတာပေါ့"

"ဆရာပြောချင်တာက ဘိုးဘေးသစ်ပင်ရဲ့ ဗဟိုချက်မနေရာကိုရှာနိူင်မှ ဖုန့်ယင်ရဲ့ဝိဉာဉ်ကိုပြန်စုစည်းလို့ရမယ်..ဟုတ်လား?"

ကူချင်းရဲ့မျက်လုံးတွေပြူးကျယ်လာပြီး ဟောက်ဟွမ်းကျောက်စိမ်း(မီးဇယမဏီကျောက်စိမ်း)အား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား၏။

"ပိုးစာပင်ကြီးက ကောင်းကင်နဲ့မြေကြီးတည်ရှိချိန်မှာမွေးဖွားလာခဲ့တာ။ သူက ဝူးထုံကျွန်း အပြင်ဘက်မှာဆိုရင် ရှင်သန်နိုင်ဖို့ခက်ခဲတယ်။ ငါ လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက ဖုန့်မျိုးနွယ်ရဲ့အကြီးအကဲတစ်ယောက်ဆီကနေ အပင်မျိုးစေ့လက်ဆောင်ရခဲ့ဖူးတယ်။ အဲ့အစေ့ကို ငါတာ့ကျဲတောင်မှာ စိုက်ထားတာ။ ဒါပေမဲ့ သူက တောင်ရဲ့ စက္ခုစွမ်းအားနဲ့မှပဲရှင်သန်နိုင်မှာတဲ့။ သုံးလောကမှာ ဝိဉာဉ်စွမ်းအားပိုင်တာဆိုလို့ တစ်နေရာပဲရှိတယ်...."

သုံ့ဟွာကသက်ပြင်းချပြီး စကားကိုတဝက်တပြတ်နဲ့ရပ်ထားလိုက်သည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now