Ch-27

222 23 1
                                    

Unicode
...
Hidden god shen yin
Chapter (27) Part 1
.....

ရာနဲ့ချီသော နတ်သက်ခြွေပန်းတွေက ဘုံကိုးဆင့်ရဲ့အရှေ့မှာပေါက်ရောက်နေလေသည်။ ပန်းပွင့်တပွင့်ချင်းစီဟာ နူးညံ့သေးငယ်ပြီး ပန်းနုရောင်အဆင်းရှိကာ ထူးခြားလှပနေ၏။

"အားချင်း, ဒါတွေက လုံကျွင်းပြောတဲ့ နတ်သက်ခြွေပန်းဆိုတာတွေလား?။ သူတို့ကထင်သလောက်လည်း ကြောက်စရာမကောင်းပါဘူး။ တကယ်ကချစ်စရာလေးတွေ!!"

အားယင်က သူမရဲ့အတောင်ပံလေးကိုခတ်ရင်း ပန်းတွေရှိတဲ့နေရာဆီလက်ညှိုးထိုးကာ ကူချင်းကိုတိုးတိုးလေးပြောလာသည်။

သူမအသံက မတိုးမကျယ်လေးဖြစ်သော်ငြားလည်း ရုတ်တရက်ဆိုသလို နတ်သက်ခြွေပန်းတွေက ထောင်လာကာ သူတို့နှစ်ယောက်ရှိရာဘက်ကိုဦးတည်ပြီး ရှူးရှူးရှဲရှဲဖြစ်ကုန်၏။ အသံသေးသေးလေးကြားရုံနဲ့တင် မူလပန်းနုရောင်အပွင့်သေးလေးတွေဟာ ချက်ချင်းထွားကျိုင်းလာပြီး တကိုယ်လုံးအနက်ရောင်ပြောင်းသွားသည်။ ထို့အတူ ကြီးမားတဲ့ရိုးတံကြီးကနေ ထိုးထွက်လာတဲ့အစွယ်ကြီးတွေကလည်း ကြောက်မက်ဖွယ်အတိ။

ဒါကြောင့် အားယင်လည်း ပန်းတွေရဲ့အသွင်ပြောင်းလဲမှုနှုန်းကိုကြည့်ကာ ဘာစကားတခွန်းမှမဟရဲတော့ပေ။

နတ်သက်ခြွေပန်းတွေဟာ သူတို့နှစ်ယောက်ရှိရာနေရာနားမှာ သူတို့ရဲ့ကြောက်မက်ဖွယ် ရိုးတံကြီးများအား တွန့်လိမ်ပြပြီး သားကောင်ကိုရှာဖွေနေ၏။ ဒါပေမဲ့ အသံနဲ့အနံ့သင်းသင်းကလွဲလို့ ကူချင်းနဲ့အားယင်ရဲ့ပုံပန်းသွင်ပြင်ကို သူတို့မမြင်ရပေ။

"မကြောက်နဲ့! သူတို့မမြင်ရဘူး"

ကူချင်းက အားယင်ရဲ့ခေါင်းလေးကိုပွတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"အားချင်း, သွေးရောင်မြူခိုးတွေက ဒီထဲမှာအပြည့်ဖြစ်နေတာ! ကျွန်မတို့ ဖုန့်ယင်ရဲ့ဝိဉာဉ်ကိုဘယ်လိုရှာကြမလဲဟင်?"

နတ်သက်ခြွေပန်းတွေကိုမြင်ပြီးကတည်းက အားယင်စိတ်ထဲ ကြောက်လန့် တုန်လှုပ်နေရတာဖြစ်သည်။

"မပူပါနဲ့"
ကူချင်းက မီးဇာမဏီကျောက်စိမ်းကို ထုတ်လိုက်၏။

The Last Immortal, Hidden God (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang