Ch-3

1.1K 55 2
                                    

Unicode
...

Hidden god, Shen Yin
Chapter(3)
...

အထိကရုံးတွေ ရှစ်ကြိမ်ရှစ်ခါဖြစ်ပွားပြီးတဲ့နောက် သုံးလောကရှိ နတ်မင်းများ၊ ဝိဉာဉ်များနဲ့ မိစ္ဆာများအပြင် လူသားမျိုးနွယ်တို့ပါ တမိုးအောက်တွင်အတူနေထိုင်ခဲ့ကြသည်။ သုံးလောကရဲ့ အထက်ဘုံမှာတော့ ဗြဟ္မာလောက(ရှေးနတ်ဘုရားလောက)တည်ရှိနေ၏။

လွန်ခဲ့သောနှစ်ခြောက်သောင်းခန့် လောကကြီးတခုလုံးဗြောင်းဆန်ခဲ့စဉ်က လောကပါလနတ်မင်းကြီး(ဗြဟ္မာကြီး)လေးပါးဟာ ကျူးကျော်မှုတွေကိုစွမ်းအားရှိသမျှခုခံရင်း သေဆုံး သွားခဲ့ကြပြီးတဲ့နောက် ရှေးခေတ်နတ်လောကဟာ မြူမှုန်စ ပမာ ယိုယွင်းပျောက်ကွယ်သွားခဲ့ရသည်။

ထိုကပ်ဘေးကြီးကိုလွန်မြောက်ပြီးတဲ့နောက် နတ်မိစ္ဆာတို့ရဲ့ ရန်ငြှိုးဟောင်းတွေဟာ သိုဝှက်ခံလိုက်ရပြီး စစ်သည်တွေလည်း များစွာဆုံးရှုံးခဲ့ရ၏။ ဖုန့်ဟွမ်ဖုန့်ရန်သည် ကောင်းကင်ဘုံ၏ ဧကရာဇ်ဖြစ်ပြီး ကောင်းကင်ဘုံရဲ့စွမ်းအားလည်းဖြစ်သည်။

ကျားမိစ္ဆာအင်အားစုရဲ့ခေါင်းဆောင်ဟာ မိစ္ဆာမျိုးနွယ်ရဲ့ဧကရာဇ်ဖြစ်ပြီး သူသည်လည်း မိစ္ဆာတို့ရဲ့စွမ်းအားတစ်ခုပဲဖြစ်၏။ ဝိဉာဉ်လောကရဲ့ဧကရာဇ်သည် ရှေးနတ်ဘုရားတို့ကိုယ်တိုင်ခန့်အပ်ထားသူဖြစ်ကာ အမည်အားဖြင့် 'အာ့ကော'ဟု တွင်စေသည်။

ထိုအချိန်မှစကာ သုံးလောကကြီးတစ်ခုလုံး နှစ်ရာချီအေးချမ်းနေခဲ့၏။နောက်ပြီး သုံးလောကတွင်ပေါ်ပေါက်ခဲသော စွမ်းအားအကြီးဆုံး မသေမျိုးသုံးယောက်လည်းပေါ်ထွက်လာခဲ့သည်။

ထိုသူတို့သည်ကား 'ကောင်းကင်ဘုံဧကရာဇ်ဖုန့်ဟွမ်'၊' မိစ္ဆာအရှင် စန်းကျန်း'၊ သို့သော် တတိယတစ်ယောက်ကတော့ ဝိဉာဉ်လောကရဲ့ အရှင်သခင်အာ့ကောမဟုတ်ပါချေ။ သုံးလောကရှိ တတိယစွမ်းအားအကြီးဆုံးအရှင်သခင်သည် 'နတ် လောကရဲ့ တာ့ကျဲတောင်သခင် သုံ့ဟွာလော့ရှန်းကျွင်း' ဖြစ်၏။

တာ့ကျဲတောင်ရဲ့တပည့်တွေ လောကမှာထင်ပေါ်ကျော်ကြားရသည့်အကြောင်းမှာလည်းထိုအချက်ကြောင့်ပင်ဖြစ်သည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now