Ch-9 part2

336 30 0
                                    

Zawgyi

Hidden God, Shen Yin
Chapter(9) part 2
...

ရေကန်အလယ်က ကျောက်သားတံတားပေါ်မှာတော့ ထုံးစံအတိုင်း မသေမျိုးလောကရဲ့အချောအလှများက စကားဖွဲ့သီပြောဆိုနေကြ၏။ ထိုအထဲကမှ ဘယ်သူကနေစလိုက်တယ်ရယ်မသိ အရှေ့ပင်လယ်ရဲ့မင်းသမီးသုံးပါးအကြောင်းပြောနေရင်းကနေ ရှောင်ဖုန့်ကျွင်းအကြောင်း ရောက်သွားကြသည်။

ဧကရာဇ်ဖုန့်သာ အနာဂတ်မှာမရှိတော့ရင် ဘယ်သူကများ သူ့နေရာကိုယူနိုင်မလဲ?။ ဘယ်သူကရော ထိုနေရာနဲ့ထိုက်တန်လောက်မည့်အရှိန်အဝါရှိနေမည်လဲ။ ဒီအကြောင်းတွေကစလို့ ဟွားရှုကိုမနှစ်သက်သည့်အကြောင်းတွေကအစ သူမတို့တတွေပြောနေကြရင်း ရှောင်ဖုန့်ကျွင်းအကြောင်းရောက်သွားသောအခါ သူမတို့အားလုံးရဲ့မျက်လုံးထဲ အားကျမှုတစ်သိန်းထင်ဟပ်နေ၏။

"ကျင်းယွင်, မနက်ဖြန်ကျပေါ်လာမယ့် ရှောင်ဖုန့်ကျွင်းလေးက မိန်းကလေးသာဆိုရင် ငါတို့နတ်လောကကြီးတော့ ပိုပြီးပျော်စရာကောင်းလာမှာပဲ!"

နူးညံသိမ်မွေ့ကာ အရှိကိုအရှိတိုင်းပြောတတ်သူ နတ်မိမယ်ဟွေ့ရီက အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်လောက်မည့်စကားအား ရွေးချယ်ပြောမိသွားလေသည်။

"အိုး! မမဟွေ့ရီက ဘာလို့အဲ့လိုပြောတာလဲ?"
ကျင်းယွင်ကပြန်မေးလိုက်သည်။

ထိုအခါ ဟွေ့ရီက လျို့ယွင်မျှော်စင်ဘက်ကို မေးငေါ့ကြည့်ကာ သူမလက်ထဲရှိ မိုးမခသားယပ်တောင်ကို တချက်ချင်းညင်သာစွာခပ်ရင်း စကားတခွန်းမှာမဆိုဘဲနေနေ၏။

ထိုအခါ တချိန်လုံးတိတ်ဆိတ်နေသော မုရုံကအားရပါးရထရယ်မောတာကြောင့် သူမအသံဟာ စကားဝိုင်းထဲတွင်ပဲ့တင်ထပ်သွားသည်။

"တတိယညီမလေးက မသိဘူးလား?။ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက ရှောင်ဖုန့်ကျွင်းအတွက်နဲ့ ရှေးအမှန်တရားနတ်မင်းက ဝူးထုံကျွန်းဆီလာခဲ့သေးတယ်တဲ့လေ။ ပြီးတော့ ရှောင်ဖုန့်ကျွင်းကို ဇာမဏီကျောက်စိမ်းအပိုင်းအစ ကိုတောင်ပေးထားခဲ့တယ်တဲ့။ အဲ့ကျောက်စိမ်းက ရှေးအမွေအနှစ်ဖြစ်ပြီး ဟိုးအရင်ထဲက ဘိုးဘေးအစဉ်အဆက်လက်ဆင့်ကမ်းလာခဲ့တာ။ ပြောကြတာတော့ စိတ်ဝိဉာဉ်ကို ကောင်းကောင်းကာကွယ်ပေးနိူင်တယ်တဲ့။ ဒီတော့ ရှောင်ဖုန့်ကျွင်းက မွေးကတည်းက ကောင်းချီးပေးခံလာရပြီး ထူးချွန်တဲ့လူဆိုတာ မုချပဲလေ!"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now