Ch-28 part2

213 22 0
                                    

Unicode
...
Hidden god shen yin
Chapter (28) part 2
...

ထိုချိန်ရုတ်တရက်ပဲ မီးတောက်တွေပေါ်လာပြီး နတ်သက်ခြွေပန်းတွေရဲ့ လျှာအရှည်ကြီးတွေကို မီးလောင်တိုက်သွင်းပစ်လိုက်၏။

မီးတောက်ရဲ့နောက်မှာတော့ လူတစ်ရပ်စာတောင်မရှိတဲ့မြေခွေးလေးက ရပ်နေလေသည်။ တကယ်တော့ သူ့ရဲ့မီးတောက်ထွက်တဲ့ခြေသည်းတွေက မိစ္ဆာပန်းတွေကိုဝေးဝေးပြေးသွားစေတာပင်။ ထို့နောက် မြေခွေးလေးရဲ့အမြီးကနှစ်ယောက်ကိုသိမ်းဆွဲလိုက်တာကြောင့် အားယင်နဲ့ကူချင်းလည်းအပေါက်ဝဆီတဟုန်ထိုး အသက်လုပြေးကြရတော့၏။

မြေခွေးလေးက တကိုယ်လုံးမီးတောက်နေပေမဲ့ အားယင်နဲ့ကူချင်းကိုတော့ မထိခိုက်ပါချေ။ ထို့ကြောင့် ကူချင်းဟာအားယင်ကိုဖက်ထားရင်း မြေခွေးလေးရဲ့အမြီးကို မြဲမြံစွာကိုင်ကာ နတ်သက်ခြွေပန်းတွေလက်က လွတ်အောင်ရှောင်တိမ်းပြေးလိုက်သည်။

အားယင်ကတော့ မြေခွေးလေးရဲ့ ရုတ်တရက်ထွက်ပေါ်လာမှုကိုအံ့အားသင့်နေမိသည်။ သူမက ဟုတ်မဟုတ်တောင်သေချာ ပြူးပြဲကြည့်လိုက်ရသေး၏။

"အားချင်း...ဒါ..ဒါလေးက ကျွန်မကယ်ခဲ့တဲ့မြေခွေးပေါက်လေးမလား? သူကအရမ်းချစ်ဖို့ကောင်းတာပဲ!!"

အားယင်မြူးထူးနေတာကိုမြင်တော့ကူချင်းလည်း သူမကိုပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်!
အာ့တာမင်းကယ်လိုက်တဲ့အကောင်လေ!"

ကူချင်းက မြေခွေးလေးရဲ့ တဖြေးဖြေးကြီးလာသောခန္ဓာကိုယ်နဲ့ မီးတောက်တွေကိုကြည့်ကာ တခုခုကိုစဉ်းစားနေမိ၏။

နတ်သက်ခြွေပန်းတွေက တဖန်ပြန်ပြီးလှုပ်လှုပ်ယွယွဖြစ်လာပြန်ပြီ။ မြေခွေးလေးရဲ့မီးတောက်တွေက ပင်စည်နဲ့ပန်းတွေကိုလောင်မြိုက်ပစ်နိုင်ပေမဲ့ အမြစ်နေရာတွေထိတော့ မနှိမ်နင်းနိုင်ပေ။ အခု သူတို့ပြန်ကုစားပြီးတဲ့နောက်မှာတော့ မြေခွေးလေးနောက်ကိုဒေါသတကြီးနဲ့လိုက်ကုန်ကြပြန်သည်။

ထိုအခါ ဆယ်မီတာရှည်သော နတ်သက်ခြွေပန်းတွေက တခဏလေးအတွင်းမှာပဲ မြေခွေးလေးကိုမှီလာကြ၏။ မြေခွေးလေးက အပေါက်ဝနဲ့နီးသထက်နီးလာတာကိုမြင်တော့ မိစ္ဆာပန်းတွေထဲကတစ်ပင်ဟာ လွှားခနဲခုန်တက်လာပြီး ဝါးမြိုဖို့ထပ်မံကြိုးစားပြန်သည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now