Ch10 part2

322 28 0
                                    

Unicode
...
Hidden god, Shen Yin
Chapter(10) part 2
....

နေရောင်အောက်မှာ လသဏ္ဍာန်အဖြူလွင့်လွင့်ဂါဝန်က တောက်ပနေသည်။နောက်ပြီး ဟွားရှုရဲ့မျက်နှာထက်က အပြုံးဟာ ပိုမိုထင်ရှားလာပြီး ဝိဉာဉ်လောကအဆုံးသတ်ရှိ နီဆွေးဆွေး အိုင်းရစ်ပန်းပွင့်လေးလို ကျက်သရေရှိလှ၏။

ဟွားရှုရဲ့နောက်ကျောလေးပျောက်ကွယ်သွားချိန်ထိ ကျန်ခဲ့ရသောအစေခံဟာ မိန်းမောနေမိသည်။

အခု လန်ဖုန့်ရှန်းကျွင်းက ကောင်းကင်ဘုံဧကရာဇ်အဖြစ်လျာထားခံခဲ့ရပြီ။ ဟွားရှုကလည်း သူ့အပေါ်ကိုနှစ်အတော်ကြာနှစ်သက်မြတ်နိုးနေခဲ့တာ။ ဒီတော့သူမ လူရွေးမှန်ခဲ့သည်လား?။

ထို့နောက် သူမရဲ့အတွေးတွေကိုဖိနှိပ်လိုက်ကာ လောကကြီးအကြောင်းမသိနားမလည်သေးဟန်တူသောအပြုံးတပွင့်ကိုဆင်မြန်ရင်း ဟွားရှုနောက်ကိုအပြေးလေးလိုက်သွားတော့၏။

ဒီနေ့ဟာနောက်ဆုံးနေ့ဖြစ်တာကြောင့် ဟွားရှုရဲ့လျို့ယွင်မျှော်စင်မှာ မသေမျိုးအမျိုးသားများ တန်းစီလာတွေ့နေကြသည်။ ဒါကြောင့် သူမရောက်ရှိသွားချိန် ခန်းမထဲတွင် ဧည့်သည်များနဲ့ပြည့်နှက်နေလေပြီ။ ထို့နောက်ဟွားရှုရဲ့ သွယ်လျလျခန္ဓာကိုယ်လေး တံခါးကနေကျော်ဖြတ်လာသည်ကိုမြင်သောအခါ ခန်းမထဲရှိလူအားလုံးအမြင်ကို တန်းဖမ်းစားလိုက်နိုင်၏။

ရှေးခေတ်အဖြူရောင်ဝတ်စုံ၊ အပြာရောင်ဆံထိုး၊ ခါးနွဲ့နွဲ့ထက်မှ ရွှေရောင်ခါးစည်းပြားနဲ့ အေးစက်စက်မျက်နှာလေးဟာ ဟွားရှုရဲ့ ကျက်သရေရှိကာထက်မြက်သောအသွင်ကို များစွာထင်ဟပ်နေစေသည်။

မင်းသမီးဟွားရှုက ဥဒေါင်းမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို လူအများကြား ထင်ရှားစေပြီး အလှတရားနဲ့သုံးလောကကို ချုပ်ကိုင်ခြယ်လှယ်နိုင်သူလည်းဖြစ်ပေ၏။

ခန်းမထဲရှိမိန်းမပျိုအချို့ရဲ့မျက်နှာမှာတော့ မနာလိုသဝန်တိုမှုတွေပြည့်နှက်နေပေမဲ့ ဟွားရှုရှေ့မှာတော့ပြုံးကာပင် မသက်မသာနှုတ်ဆက်နေကြရသည်။

ထိုအချိန်မှာပဲရုတ်တရက်ဆိုသလို အော်ဟစ်ရယ်မောသံအကျယ်ကြီးထွက်လာကာ လေထုကိုဆူညံအောင်လုပ်ပြီး စိတ်အနှောင့်အယှက်ပေးနေသလိုပင်။ အော်ရယ်သံအဆုံးမှာတော့ ကူချင်းရဲ့ဝင်ခွင့်တောင်းသံဟာ မမျှော်လင့်ပဲထွက်ပေါ်လာ၏။ ဟွားရှုလည်းခဏလောက်တော့ကြောင်သွားပေမဲ့ နောက်တော့ပြုံးလိုက်ကာ တာ့ကျဲတောင်တပည့်ကူချင်းအားအထဲဝင်ခိုင်းလိုက်ရန် ရှန်အဲကို မှာကြားလိုက်သည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now