Ch-26 p2

230 21 2
                                    

Unicode
...
Hidden god shen yin
Chapter (26) Part 2

အားယင်ကအလျင်အမြန်ပဲခေါင်းညိမ့်ကာ ကူချင်းရင်ဘတ်ကိုသူမရဲ့ခေါင်းလေးနဲ့ တိုးလိုက်သည်။ ထို့နောက် သူမက ကူချင်းရဲ့ကိုယ်ပျောက်ဝတ်ရုံကော်လံစကို အတောင်သေးသေးလေးများနဲ့ကိုင်ကာ အသင့်ပြင်ဆင်ထားလိုက်၏။

ကူချင်းက နတ်လောကမန္တာန်တစ်ခုကို ရွတ်လိုက်သောအခါ ကိုယ်ပျောက်ဝတ်ရုံပေါ်မှ အစိမ်းရောင်အလင်းတန်းတစ်ခုကcထွက်ပေါ်လာပြီး တဖြေးဖြေးချင်းနှစ်ယောက်သား aပျာက်ကွယ်သွားတော့သည်။

"လုံကျွင်း, ဘုံကိုးဆင့်ဂိတ်တံခါးကိုဖွင့်ပေးပါ"

စန်းဟောက်က ခေါင်းညိမ့်လိုက်ပြီး သူ့ရဲ့အင်္ကျီလက်ဝထဲမှ ခရမ်းရောင်ဆွဲပြားကိုထုတ်လိုက်၏။ ထို့နောက် သူက ခရမ်းရောင်ဆွဲပြားကို မြှောက်ပြီး ခရမ်းရောင်လမင်းဆီတည့်တည့်ချိနလိုက်တော့ ဝိဉာဉ်စွမ်းအားတစ်ခုက အားပြင်းပြင်းနဲ့ထွက်ပေါ်လာသည်။ ထို့နောက် လမင်းဆီဦးတည်သောခရမ်းရောင်အလင်းတန်းဟာ တဖြေးဖြေးနဲ့မြေပြင်ပေါ်ကျရောက်လာ၏။

သုံးယောက်စလုံးမော့ကြည့်လိုက်ချိန် ခရမ်းရောက်အလင်းတန်းဟာ လရဲ့ အလယ်ဗဟိုနေရာမှ ထိုးထွက်နေကြောင်းမြင်လိုက်ရသည်။ လမင်းဆီမှခရမ်းရင့်ရောင်အလင်းတန်းဟာ ဆွဲပြားဆီကအလင်းတန်းနဲ့ပေါင်းစည်းသွား၏။  ထို့နောက် ကြောက်မက်ဖွယ် မကောင်းဆိုးဝါးအော်သံကြီးနဲ့အတူ ကျူးယွေ့ဘုံကိုးဆင့်ရဲ့ဂိတ်တံခါးလည်း ပွင့်သွားတော့သည်။

ဒါ စန်းဟောက်ပထမဆုံးအကြိမ် ဘုံကိုးဆင့်ကိုဖွင့်တာပဲဖြစ်သည်။ သို့သော် သူ့လိုနတ်ဘုရားတပိုင်းမိစ္ဆာတောင်မှ ကျူးယွေ့ဘုံကိုးဆင့်ရဲ့အတွင်းအားသိပ်သည်းမှုကို မခံနိုင်ပေ။ ဒါကြောင့် သူကူချင်းနဲ့အားယင်ဘက်ကိုကြည့်လိုက်တော့ နှစ်ယောက်စလုံးကိုယ်ပျောက်ဝတ်ရုံထဲငြိမ်သက်နေတာမို့စိတ်အေးသွားရသည်။

ကူချင်းက လုံးဝမတွေဝေဘဲ ခရမ်းရောင်လဆီသို့လျှောက်သွားပြီးတဲ့နောက် စန်းဟောက်နဲ့တဖြေးဖြေးဝေးကွာသွားတာကိုတွေ့လိုက်ရ၏။

The Last Immortal, Hidden God (Myanmar Translation)Där berättelser lever. Upptäck nu