အပိုင်း ၁၆၇ /အပိုင္း ၁၆၇

Start from the beginning
                                    

အထိန်းတော်ချင်းက ခဏကြာအောင် အံ့အားသင့်နေခဲ့သည်။ အဲ့ဒီနောက် သူ့နဖူးသူ ရိုက်ကာ ပြောလာသည်

“ကျုပ် ဦးနှောက်က တကယ်ပဲ သစ်သားနဲ့ လုပ်ထားတာ တူပါရဲ့၊ ဒီလိုရိုးရှင်းတဲ့ တွေးခေါ်မှုကိုတောင် နားမလည် ဖြစ်နေခဲ့တာ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး။ ကျွန်တော် မိန်းကလေးမုကို ဟာသဖြစ်စေခဲ့ပြီ”

“လူကြီးမင်း ဒီလိုအချိန်တိုအတွင်းမှာမို့ မစဉ်းစားမိခဲ့ပေမယ့် တစ်နေရာရာကို သွားမယ်ဆိုရင် ကြိုတင် စဉ်းစားထားဖို့လိုတယ် ပြီးတော့ လူကြီးမင်း စေလွှတ်တဲ့သူတွေကလည်း စိတ်ချရဖို့ လိုတယ်။ ဘာပဲဖြစ်ဖြစ် နေရာက ဝေးလံတာကြောင့် ပြဿနာဖန်တီးဖို့ လွယ်ကူတယ်။ ကျွန်မတို့ ပူးရှန့်လုံက ဧကရာဇ်ပေးသနားတော်မူတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲထားတာကြောင့် လက်ဖက်ခြောက်အရည်အသွေးကလည်း အချိန်တိုင်းကောင်းမွန်နေရမယ်။ ကျွန်မတို့တွေ အခြားနေရာကဆိုင်တွေကိုလည်း ဆိုင်းဘုတ်မပျက်စီးစေအောင် တင်းတင်းကြပ်ကြပ် စောင့်ကြည့်ရမယ်”

“ဟုတ်ကဲ့ ကျုပ် သေချာပေါက် ဂရုတစိုက် ရွေးချယ်ပါ့မယ်။ စာရင်းဇယားစာအုပ်တွေ အချိန်မီပို့ဖို့လည်း ကျေးဇူးပြုပြီး စိတ်ချပါ”

မုယွမ်ယောင်က ပြုံးကာ
“ဒါပေါ့ရှင် ကောင်းပါပြီ။ အခုကစပြီး ကျွန်မ အိမ်မှာပဲ ထိုင်နေရုံနဲ့ မိုးပေါ်က ပိုက်ဆံတွေ ကျလာတော့မှာပဲ”

အထိန်းတော်ချင်းက လျင်မြန်စွာပဲ စီစဉ်မှုတွေ ပြုလုပ်သည်။ မုယွမ်ယောင်က လျိုလျန်ကို ခေါ်ကာ ဉယျာဉ်ပေါက်က သူဖုန်းစားတွေကို သွားကြည့်ရန် ပြောလိုက်သည်။

ကျင်းလန်က မနေနိုင်ဘဲ မေးလာသည်

“သခင်မလေးက အဲ့ဒီလူတွေကို ဘာလို့ စိတ်ဝင်စားနေရတာလဲ”

သူဖုန်းစားဆိုတာ ဘယ်နေရာပဲဖြစ်ဖြစ်ရှိသည်။ ကျင်းလင်မြို့ဆိုတာမပြောနဲ့ ရှီးလင်မြို့တော်မှာတောင် အတူတူပင်။

“သူတို့က နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားရတယ်။ သူဖုန်းစားတွေကိုသာ သေချာသုံးတတ်မယ်ဆိုရင် သူတို့တွေ အသက်ရှင်ဖို့ လမ်းကြောင်းပွင့်ရုံတင်မကဘူး၊ အသုံးချနိုင်မယ့်သူကိုလည်း အားစိုက်စရာမလိုဘဲ သူတို့က ရှာပေးလိမ့်မယ်။ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သလိုမျိုးပဲ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now