အပိုင်း ၇၁ / အပိုင္း ၇၁

2.2K 271 4
                                    

Unicode

ယင်းဟုန်က အိမ်တော်ဆီ ပြန်သွားနေသည့် တစ်ချိန်လုံးတွေးတောနေဆဲ ဖြစ်သည်။ တံခါးဝကို ဝင်လိုက်တာနဲ့ သခင်မကျင်းက ခေါ်လာ၏။

"မင်း မုယွမ်ယောင်ကို ပြန်ပို့ပေးတုန်းက သူက တစ်ခုခု ပြောခဲ့တာလား"

“လျှောက်တင်ပါတယ်၊ သူက အဆက်အစပ်လည်းမရှိ အကြောင်းပြချက်လည်းမရှိဘဲ ၊ သခင်မကို ကောင်းကောင်း ဂရုစိုက်ဖို့ သတိပေးခဲ့တယ်။ သခင်မ ချိုလွန်းတဲ့ အစားအစာတွေကို အများကြီး မစားသင့်ဘူး လို့လည်း ပြောလိုက်သေးတယ်"

သခင်မကျင်း၏မျက်နှာ မှိုင်းညို့သွားသည်။ သူမက စားပွဲပေါ်က အစားအသောက်တွေကို သတိထားပြီး ကြည့်လိုက်သည်။ ခဏအကြာတွင် သူမက ပြောလာ၏။

“သမားတော်ချန်းကို သွားခေါ်လိုက်။ ခဏနေဦး! သူ့ကို မခေါ်နဲ့။ အဝတ်အစားလဲပြီး ဒီအစားအစာ တချို့ကို ထုပ်ပိုးသွားလိုက်။ နောက်ထပ် သီးသန့် ဆေးခန်းတစ်ခုကို သွားပြီး ဒီအစားအစာတွေနဲ့ ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုခု ရှိမရှိ သိရအောင် သူတို့ကို စစ်ဆေးခိုင်းလိုက်.."

ယင်းဟုန်က အံ့ဩတကြီးဖြစ်သွားကာ

“သခင်မ၊ ဒီထဲမှာ မသန့်ရှင်းတဲ့ အရာတစ်ခုခုပါတယ်လို့ သံသယ ရှိနေတာလား”

“ငါလည်း တပ်အပ် မပြောနိုင်ဘူး၊ အခု သွားတော့"

သခင်မကျင်း၏ နှလုံးသားမှာ ထိတ်လန့် တုန်လှုပ်နေ၏။ မုယွမ်ယောင်က ငယ်ရွယ်သေးသော်လည်း သဘောပေါက်လွယ်ပြီး အတွေးအမြင်ရှိ၏။ သူမက ရေရဲ့ မူလဇစ်မြစ်ကို အရသာခံပြီး သိနိုင်တာကြောင့် သရေစာတွေက အနည်းငယ်ခါးနေတယ်လို့ သူမ ပြောတာလည်း မမှားနိုင်ပေ။ ဒါ့အပြင် သူမက ယင်းဟုန်ကိုလည်း သူမအား ဂရုစိုက်ဖို့ သတိပေးခဲ့သည်။ ဒါတွေအားလုံးကိုချုံငုံကြည့်ရရင် မုယွမ်ယောင်က အစားအသောက်မှာ တစ်ခုခု မှားနေတယ် ဆိုတာ သူမကို ပြောပြဖို့ ကြိုးစားနေတာ သိသာနေပြီပင်။

သခင်မကျင်းက ငယ်စဉ်ကတည်းကပင် အချို စားရတာ အမြဲ သဘောကျခဲ့သည်။ ချောင်ယွင်နျန်နဲ့ လက်ထပ်ပြီးနောက် သူမ၏ မိသားစုက ဒီမုန့်ချိုတွေ ပြုလုပ်ပေးဖို့ အတွက် စားဖိုမှူးအချို့ကို သီးသန့်စေလွှတ် ပေးခဲ့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now