အပိုင်း ၃၃ / အပိုင္း ၃၃

2.4K 253 1
                                    

Unicode

မုယွမ်ယောင်က အတော်လေး မကျေနပ်တဲ့ပုံ ဖြစ်နေသည်။

"ဦးလေးက ကျွန်မကို ယုံကြည်ပေးလို့ ဆိုင်ရှင်ထန်က ငွေလျန်တစ်သိန်း ပေးတာကိုတောင် ငြင်းခဲ့တာ။ ဦးလေးအကြိုက်နဲ့ ပိုကိုက်အောင်ဆိုပြီး ကျွန်မလက်ရာကိုတောင် ပြောင်းထားပေးသေးတယ်။ ဒါကို လျန်တစ်ထောင်ပဲ ပေးမှာပေါ့။ ကျွန်မက ရွာသူမလေးပဲဆိုပြီး အခွင့်ကောင်းယူနေတာလားရှင်"

"မိန်းကလေး၊ အဲ့ဒီဆိုင်ရှင်ထန်က ရိုးသားတဲ့လူ မဟုတ်ဘူး။ မင်းကို ငွေလျန်တစ်သိန်း ပေးမယ်လို့ ပြောပေမယ့် အဲ့ဒီလောက် ပေးမှာတဲ့လား။ သူ မင်းကို ငွေတွေ ပေးရင်ပေးလိမ့်မယ်။ ပြီးရင် မင်းမိသားစုဆီက ငွေပြန်သိမ်းဖို့ သူ့လူတွေကို လွှတ်လိမ့်မယ်။ ဒါဆို မင်းဘာလုပ်မလဲ?"

မုယွမ်ယောင် အနည်းငယ် ယုံကြည်သွားတာကို တွေ့လိုက်ရတော့ ဆိုင်ရှင်က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

"မိန်းကလေး၊ ဒီပုံအတွက်တော့... လျန်တစ်သောင်း ပေးချင်ပါတယ်။ ဒါအကောင်းဆုံးဈေး ဖြစ်နေပြီ။ ပြီးတော့ လိုသမျှပစ္စည်းတွေ အားလုံးလည်း ပေးမယ်။ ဘယ်လိုလဲ?"

မုယွမ်ယောင်က သူမနှုတ်ခမ်းကို ကိုက်ကာ မေးလိုက်သည်။

"ဒါဆို ဆိုင်ရှင့်ဘက်ကရော အင်အားသုံးပြီး ငွေတွေပြန်ယူမှာလား မယူဘူးလားဆိုတာ ကျွန်မ ဘယ်လိုသိနိုင်မှာလဲ?"

နွေဦးပိုးထည်ဆိုင်ပိုင်ရှင်က ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး ကိုယ့်ခြေဖဝါးပေါ် ပစ်ချရသည့် ခံစားချက်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

"အဲ့လိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ နွေဦးပိုးထည်လုပ်ငန်းက အစဉ်အမြဲ ရိုးဂုဏ်ထိန်းလာတဲ့ လုပ်ငန်းတစ်ခု။ ယန်မြို့တစ်မြို့လုံးကို ပတ်မေးကြည့်လို့ရတယ်"

မုယွမ်ယောင်ကတော့ တွန့်တိတွန့်ဆုတ် ဖြစ်နေဆဲပုံပင်။ ဆိုင်ရှင်တစ်ယောက် ချွေးအေးတွေ စပျံလာချိန်မှ သူမက ဖြည်းညှင်းစွာ ပြုံးလိုက်သည်။

"တကယ်တော့ နွေဦးပိုးထည်ဆိုင်ရဲ့ ဂုဏ်သတင်းက အမြဲတမ်း ကောင်းပါတယ်။ ဆိုင်ရှင်ကလည်း ငွေနည်းနည်းလေးအတွက်နဲ့ နှစ်တစ်ရာကျော် ကြိုးစားအားထုတ်မှုကို ဖျက်ဆီးမှာ မဟုတ်တာ သေချာပါတယ်လေ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now