အပိုင်း ၁၅၄ /အပိုင္း ၁၅၄

1.3K 129 2
                                    

Unicode

အပိုင်း၁၅၄ ဆိုင်မဖွင့်လှစ်ခင်သတိပေးခြင်း

စုချင်းဝူနှင့် ရှုလီကို ပြန်ပို့ပြီးနောက် မုယွမ်ယောင်က စိတ်သက်သာရာရသွားပြီး အပြုံးတစ်ခုက သူမမျက်နှာတွင် ပေါ်လာသည်။

အထိန်းတော်ချင်းက ယွင်းချွန်းကို လက်ဖက်ရည်ကျိုဖို့ ပြောလိုက်ပြီး မုယွမ်ယောင်အတွက် ကိုယ်တိုင်ကိုယ်ကျ ယူသွားလိုက်သည်။

“မိန်းကလေးမု အရင်က စီစဉ်ထားတာတွေ အောင်မြင်သွားပြီလား?”

“အတော်လေးကို နီးစပ်နေပါပြီ”

အထိန်းတော်ချင်းက ပျော်ရွှင်သွားတော့သည်။

“အဲ့တာ ကောင်းတာပေါ့၊ ဘယ်လောက်တောင် အဆင်ပြေလိုက်မလဲ"

“ခဏလေး၊ ရက်အနည်းငယ်ကြာရင် သတင်းအတိအကျရလိမ့်မယ်ထင်တယ်။ အခုတော့ ကျွန်မတို့ ကျင်းရှို့ဉယျာဉ်ကို လူငှားပြီး သန့်ရှင်းမှဖြစ်မယ်၊ ခဏနေရင် သခင်မကျင်းရဲ့လူတွေကို ကျွန်မ ဧည့်ခံရဦးမယ်၊ သခင်မတွေ စိမ်းသက်သက်ဖြစ်နေမစိုးလို့ ကျွန်မတို့ ပန်း၊ သစ်သီးနဲ့ လက်ဖက်ရည်တွေ ပြင်ဆင်ထားဖို့ လိုတယ်။ ကျွန်မထင်တာတော့ အဲ့ဒီဘုရင်ခံရဲ့ဇနီးလည်း  လာမယ်ထင်တယ်၊ သူမက အချိုတွေမစားလို့ နည်းနည်း အငန်ဓာတ်ရှိတဲ့ သရေစာမုန့်တွေ ပြင်ဆင်ထားဖို့ လိုတယ်။ သေချာဂရုစိုက်ပေးပါနော်၊ အမှားမလုပ်မိစေနဲ့”

“ကောင်းပါပြီ၊ ပြင်ဆင်ဖို့အတွက် လူလွှတ်လိုက်ပါ့မယ်”

အထိန်းတော်ချင်း ထွက်သွားပြီးနောက် မုယွမ်ယောင်က သူမ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးနံ့သာအိတ်ကို ဖြုတ်လိုက်ပြီး ဘေးတွင်စောင့်နေသော ကျင်းလန်ကို ပေးလိုက်သည်။

“မီးလင်းဖို တစ်ခုလောက် ရှာပြီး ဒါကိုမီးရှို့လိုက်၊ သဲလွန်စ တစ်ခုမှ မကျန်စေနဲ့”

“ဟုတ်ကဲ့ပါ သခင်မလေး”

ကျင်းလန်က အမိန့်ကို ကြားတာနဲ့ ဘာမှမေးမနေဘဲ အမွှေးအိတ်ကို တန်းယူသွားသည်။

မုယွမ်ယောင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူမ မျက်ခုံးနှစ်ဖက်ကြားရှိနေရာကို ညင်သာစွာ နှိပ်နယ်ရင်း သူမနှုတ်ခမ်းတွေက အပေါ်သို့ ကော့တက်သွားတော့သည်။ သူမ ဘယ်လောက်ပဲလှပါစေ ရှုလီကတော့ တမူထူးပြီးကြည့်လာမှာမဟုတ်ဘူး။ လက်ဖက်ရည်က ကောင်းမွန်ပြီး ရေကလည်း ကောင်းမွန်ပေမယ့် လူတွေကို ငြိမ်သက်အေးချမ်းတဲ့ စိတ်အခြေအနေအထိ ရောက်စေရန်နဲ့ အရသာခံရင်း လောကကြီးကိုပါမေ့သွားရန်အထိက နည်းလမ်းတချို့ထပ်ထည့်ဖို့ လိုအပ်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now