အပိုင်း ၁၅၆ /အပိုင္း ၁၅၆

1.2K 131 2
                                    

Unicode

အပိုင်း ၁၅၆ - စီးပွားရေး တွင်ကျယ်လာခြင်း

ဆယ်ရက်တာ ရက်တိုလေးအတွင်းမှာ ကျင်းရှို့ဥယျာဉ်နဲ့ ပူးရှန့်လုံတို့က ကျင်းလင်မြို့တစ်ခွင်မှာ သတင်းမွှေးလျက်ရှိသည်။ နေ့တိုင်း လူတစ်စုက ကျင်းရှို့ဥယျာဉ်အဝင်ပေါက်တွင် လက်ဖက်ရည်တစ်ခွက်သောက်ဖို့ ဥယျာဉ်ထဲဝင်နိုင်မလားဆိုပြီး ကံစမ်းရင်း စောင့်နေကြသည်။

လက်ဖက်ရည်ကျိုရန် တာဝန်ယူနေသော ဝေ့ယီ၊ယွင်းချွန်းတို့ကလည်း အားပေးထောက်ခံမှုတွေကိုအချိန်တိုအတွင်း ရရှိခဲ့သည်။ လူတွေက စီချာတွေထဲမှာ ဘယ်သူကဘယ်သူထက်ပိုကောင်းတယ်ဆိုတာပါ စကားနိုင်လုရင်း ရန်ဖြစ်ကုန်ကြသေးသည်။ အထိန်းတော်ချင်းက ငွေစာရင်းစာအုပ်များကို နေ့တိုင်းလှန်ကြည့်ရင်း ရှော့ရနေသည်။ လက်ဖက်ရည်ရောင်းတာက ကြီးမားသော အမြတ်အစွန်းများ ရရှိစေမည်ဟု အထိန်းတော်ချင်း လုံးဝ မထင်ထားပေ။ ဆယ်ရက်တိုလေးအတွင်းမှာပင် ငွေလျန်တစ်သောင်းကျော်ကျော် ရရှိခဲ့ပြီး ဖြစ်သည်။ အကြောင်းမှာကား ကျင်းရှို့ဥယျာဉ်သို့ ဝင်ရောက်နိုင်သည့် လူအရေအတွက်ကို ကန့်သတ်လိုက်ခြင်းကြောင့်သာ ဖြစ်၏။ မဟုတ်ရင် သူတို့ ဒီထက်ပိုပြီး ဝင်ငွေရနိုင်လိမ့်မည်။

မုယွမ်ယောင်က လက်ဖက်ရွက်အခန်းတွင်ရှိနေပြီး အသစ်ပို့လာတဲ့ လက်ဖက်ရွက်များကို စစ်ကြည့်နေသည်။ ဒီလက်ဖက်ရွက်အားလုံးကို အခြောက်လှန်းပြီး သူမနည်းလမ်းအတိုင်း လှော်ဖို့ တာဝန်ယူထားသည်။ သူမက အသေးစိတ်ကျကျ လုပ်တတ်တဲ့သူ ဖြစ်တာကြောင့် မွှေးရနံ့လေးက နှာခေါင်းထက်တွင် စွဲမြဲမွှေးပျံလျက်ရှိသည်။

ကျင်းလန်က အထဲဝင်လာပြီးလျှောက်တင်သည်
“သခင်မလေး၊ ဆိုင်ရှင်ချင်း ရောက်နေပါတယ်"

"သူ့ကို ဝင်ခိုင်းလိုက်ပါ "
မုယွမ်ယောင်က ထိုသိုဆိုရင်း ကြိုဆိုဖို့ ထလိုက်သည်။

"မင်္ဂလာပါ မိန်းကလေး"
အထိန်းတော်ချင်းက လက်ရှိအချိန်တွင် မုယွမ်ယောင်အပေါ် အလွန်ပင် အထင်ကြီးလေးစားလျက်ရှိသည်။ သူမကို ချီးကျူးဖို့ စာတစ်ကြိမ်ထက်မက ရေးပြီးပြီပင်။ သူက လောင်ချန်(အဖိုးကြီးချန်)ဆီစာရေးပြီး မင်းသားကို ဒီရွှေတုံးကြီး မြန်မြန်အိမ်သယ်နိုင်အောင်လုပ်ခိုင်းဖို့ တိုက်တွန်းလျက်ရှိသည်။
"သခင်မလေး၊ ဒါက ဆယ်ရက်ကျော် ငွေစာရင်းပါ။ ကြည့်ကြည့်ပါဦး"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Donde viven las historias. Descúbrelo ahora