အခန်း၉၁/အပိုင္း၉၁

2.1K 226 0
                                    


အပိုင်း၉၁

ယွီဟိန်က တံခါးမှ ထွက်လာခဲ့သည်။ သူ အခန်းအပြင် ထွက်လာပြီးပြီးချင်း တွေဝေခြင်းများဖြင့် ငြိမ်သက်စွာ ရပ်နေခဲ့မိသည်။ ယွဲ့ရှီက အင်ပါယာ၏ တောင်ပိုင်းတွင် ဖြစ်သည်။ နေရာက ကုန်းပြေမြင့်တွေ တောင်တန်းတွေဖြင့် ပြည့်နေသည်။ သို့သော် ထိုနေရာရဲ့ ရေထောက်ပံ့မှုက အတော်လေး ကြီးမားသော်လည်း ရေကြောင်းက ကျဉ်းမြောင်းပြီး ရေစီးသန်လှသည်။ အကယ်၍ တစ်ယောက်ယောက်တွင် လှေအတတ်ပညာနှင့် ပတ်သတ်ပြီး ကျွမ်းကျင်လျှင်တောင် လက်ရှိ ရေစီးကြောင်းကို ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မည်၊၊ ယွဲ့ရှီထဲသို့ ဝင်တယ်ဆိုတာနှင့် သူတို့က သေချာပေါက် ရေကြောင်းဖြင့် ခရီးသွားရမည်ဖြစ်ပြီး သူတို့ ဒီတစ်သက် ဘယ်တော့မှ ပြန်မလာနိုင်တော့တာလည်း ဖြစ်သွားနိုင်သည်။

ဒုတိယနေ့တွင် ယွဲ့ဝမ်က သူ့လက်မောင်းကိုကိုင်ပြီး တော်ဝင်အစည်းအဝေးသို့သွားကာ ဓားရေး လေ့ကျင့်ရင်း သူ့လက်မောင်းကို မတော်တဆ ထိခိုက်မိထားတာကြောင့် ပြန်ကောင်းဖို့အတွက် အနည်းဆုံး လဝက်လောက်ကြာမည်ဖြစ်ကြောင်း၊ ပြီးတော့ ယွဲ့ရှီက အခုချိန်မှာ ဦးစီးမယ့်သူ မရှိတာကြောင့် သူ လတ်တလော စိတ်မအေးဖြစ်ရပြီး ဖြစ်နိုင်သမျှ မြန်မြန်ပြန်ဖို့ လိုအပ်တယ်လို့ ခံစားရကြောင်း လျှောက်တင်သည်။ ကျန်းနန်ကို လှေဖြင့်သွားပြီး ထိုနေရာတွင် သူနားမည်။ သူ့လက်မောင်း ပြန်ပြီး သက်သာသည်နှင့် ယွဲ့ရှီကို ချက်ချင်း ပြန်သွားမည် ဖြစ်သည်။

ယွဲ့ဝမ်ကို ဧကရာဇ်က ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပေ၊ ယွဲ့ရှီက တခြားဟာတွေနှင့် ယှဉ်လျှင် ပိုပြီး ကံမကောင်းသည့် နယ်မြေဖြစ်တာကြောင့် ယွဲ့ဝမ် ထိုနေရာကိုပြန်မည်ဆိုတာ ကြားသည်နှင့် ယွဲ့ဝမ် စကားဆုံးအောင် မပြောရသေးခင်ပင် သူက သဘောတူလိုက်သည်။ သူတို့ ကျန်းနန်ကို ခရီးသွားမှာ ဖြစ်တာကြောင့် ယွီဟိန်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ ထို့ကြောင့် သူတို့က ကျန်းနန်ကို အရင်ဆုံး လှေဖြင့်သွားမှာဖြစ်ပြီး နောက်မှ ယွဲ့ရှီသို့ မြင်းဖြင့် သွားမည်ဖြစ်သည်။ ခရီးက ခန့်မှန်းခြေအားဖြင့် လဝက်လောက်ကြာမည်ဖြစ်သည်။ ဒီလိုဆို သူ့သခင်၏ လက်မောင်းသည် ယွဲ့ရှီးကို ရောက်သည်နှင့် သက်သာ ပျောက်ကင်းသွားလိမ့်မည် ဖြစ်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူ့သခင်က နှစ်အများကြီး မထိခိုက်ဖူးပေ၊ ဒီတစ်ကြိမ်တွင်တော့ သူ့ဒဏ်ရာက အနည်းငယ် ထူးဆန်းသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now