အပိုင်း ၅ / အပိုင္း ၅

3.3K 277 4
                                    

Unicode

မုယွမ်ယောင်က စုချင်ကိုသာ စိတ်သက်သာအောင် ပြောပေးနေခြင်း မဟုတ်ဘဲ သူမကိုယ်တိုင်ကိုလည်း ပြန်ပြီး အားပေးနေခြင်းပင်။ လေးရက်ဆိုသောအချိန်က သူမအတွက် ပြင်ဆင်ဖို့ရာ လုံလောက်သည်။

"ယောင်အာ..."
စုချင်က သူမကိုဖက်၍ ထပ်မံငိုရှိုက်ပြန်သည်။ နောက်မှ သူမက သတိရသွားဟန်ဖြင့်
"ယောင်အာ၊ သမီးဒဏ်ရာ ဘယ်လိုနေသေးလဲ..."
သူမခေါင်းနောက်မှ ဒဏ်ရာက သူမမျက်လုံးကို တပိုင်းတစ ကွယ်သွားလုမတတ် နာကျင်နေစေသော်လည်း မုယွမ်ယောင်ကတော့ သူမမျက်နှာထက်မှာ နာကျင်နေပုံ မပြရဲပေ။ ထိုအစား သူမခေါင်းကို အသာရမ်းလိုက်ရင်း
"အဆင်ပြေပါတယ် အမေ"

"ခေါင်းကနေ ဒီလောက် သွေးတွေထွက်နေတာတောင် အဆင်ပြေပါတယ်ဆိုပြီး အမေ့ကို ပြောနေသေးတာလား?"
စုချင်က လျင်မြန်စွာ ထလိုက်ပြီး သူမအနာကို ဆေးကြောပေးဖို့ရန် ရေအနည်းငယ် သွားယူလိုက်သည်။ ဒဏ်ရာတွေကို ပတ်တီးစည်းပေးနေရင်းနဲ့ မျက်ရည်တွေ ကျဆင်းလာပြန်သည်။
"အဘွားကြီး...သူမ... သူမက မိစ္ဆာလိုနှလုံးသားနဲ့ လူပဲ"

မုယွမ်ယောင်က စုချင်ကို ကြည့်လိုက်ပြီး သူမကိုယ်ကို ကိုင်းလိုက်ကာ စုချင်ရင်ခွင်ထဲ၌ လှဲလိုက်သည်။
"အမေ အဲ့အဘွားကြီးအတွက်နဲ့ စိတ်ညစ်ခံနေစရာမလိုပါဘူး။ သူ့လိုလူမျိူးက သေချာပေါက် ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာကို ခံရမှာ"
ကောင်းကင်ကအပြစ်မပေးရင်တောင် သူမကိုယ်တိုင်ပေးမည်။

သူမသမီးက အမြဲ ရိုးသားပြီး သိမ်မွေ့နူးညံ့သော အကျင့်စရိုက်မျိုး ရှိခဲ့တာကြောင့် သူမပါးစပ်မှ ဒီစကားမျိုး ထွက်လာခြင်းကို စုချင်တစ်ယောက် တော်တော်လေး မယုံနိုင်ဖြစ်နေမိပြီး သူမအတွက် နှလုံးသားထဲကနေ နာကျင်နေမိသည်။ ယောင်အာက ကလေးအရွယ်ပဲ ရှိသေးပေမယ့် လီရှီဆီကသာ ဒီလို ဆက်ဆံမခံခဲ့ရရင် ကလေးက ဒီလိုပုံစံ ဖြစ်လာမှာ မဟုတ်ပေ။

ယခုအချိန်မှာတော့ မုယွမ်ယောင်က စုချင် ရင်ခွင်ထဲမှာ အေးအေးချမ်းချမ်း အနားယူခွင့်ရသည့်အတွက် ကောင်းကင်ဘုံကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိသည်။
သူမမှဏ်ဉာဏ်ထဲမှာတော့ သူမအမေက အမြဲ အားနည်းနေတဲ့ မိန်းမတစ်ယောက် ဖြစ်ခဲ့တာပင်။ သူမက ပညာရှိတစ်ယောက်လိုမျိုး ဩဇာရှိပြီး သူမလုပ်လိုက်တဲ့ အပြုအမူတိုင်းက ကျက်သရေရှိလွန်းလှသည်။ အမြဲတစေ တခြားသူတွေနဲ့ မတူ တမူထူးခြားနေတတ်ပြီး ဒါကြောင့်ပဲ လူတိုင်းက သူမအား အလုပ်ကြမ်း လုပ်နိုင်မယ့်သူမဟုတ် ဟူ၍ ထင်မြင်သတ်မှတ်ကြသည်။ ချမ်းသာတဲ့ သခင်မလေးတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်မျိုး ရှိသော်လည်း နိမ့်ကျတဲ့ အစေခံလိုဘဝမျိုး ရောက်နေရသည်။
များမကြာခင် စုမိသားစုတွေ ရောက်ရှိလာသည်။ သူတို့က ခမ်းခမ်းနားနား ဆိုက်ရောက်လာကြပြီး ထိုထင်ပေါ်ခမ်းနားသော မြင်ကွင်းက ခရိုင်မြို့ သခင်ကြီးကိုပင် ရိုကျိုးစွာ ခါးကိုင်းဦးညွှတ်စေနိုင်အောင် ကြီးကျယ်လှသည်။ ဒါက သူ့အမေဟာ အာဏာကြီးမားသော စုမိသားစု၏ သခင်မလေးဖြစ်ကြောင်း သိလိုက်ရတဲ့အချိန်ပင်။
သို့သော်လည်း စုမိသားစု ရောက်မလာခင်မှာ သူမအမေက သူမကို ကာကွယ်နိုင်ဖို့ရန် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ မုယွမ်ယောင်ကတော့ ထွက်ပြေးနိုင်ခဲ့ပေမဲ့ သူမခြေထောက်က သုံးမရတော့ပေ။ အကယ်၍ ကျန်းချိုင်ကျူးရဲ့ ပြစ်မှုတွေကို ဖော်ထုတ်မခံခဲ့ရဘူးဆိုလည်း သူမလည်း အဖမ်းခံရပြီး နှိပ်စက်ခံနေလောက်သည်။
အမေလည်း ဆုံးပါးပြီး ခြေထောက်ပါကျိုးသွားတဲ့ မုယွမ်ယောင်က အသက်ဆက်ရှင်နိုင်ဖို့ရန်အတွက် လီရှီအပေါ်တွင်သာ မှီခိုရတော့သည်။ သိုပေမယ့် လီရှီက သူမအား သဘောမကျချေ။ လီရှီက ခြေထောက်ကျိုးနေသော မုယွမ်ယောင်က ဘာအလုပ်မှ မလုပ်နိုင်ဘဲ အခြေအနေ ဆိုးရွားနေတာကို မြင်တော့ သူ့ဒေါသတွေကို သူမအပေါ်မှာသာ အလွယ်တကူ အပြစ်ပုံချနေတော့သည်။
ရွာသားတွေက လီရှီရဲ့ အပြုအမူတွေကို အတော်လေး မကျေနပ်ဖြစ်ကြသည်။ သူတိုဟာ မုယွမ်ယောင်ကို မြို့မှသမားတော်နှင့် ပြသပေးနိုင်ဖို့ရန်အတွက် ဝိုင်းဝန်းကာ ငွေကြေး ကောက်ခံပေးကြသော်လည်း လီရှီက သမားတော်အား အိမ်ထဲပင် ၀င်ခွင့်မပေးပဲ မပြန်မချင်း ကြိမ်းမောင်းလွှတ်ခဲ့သည်။ မုယွမ်ယောင်က ဆေးကုသခြင်းမခံခဲ့ရပေမယ့် ကံကောင်းထောက်မစွာပဲ နောက်ပြဿနာတွေ ထပ်မဖြစ်စေနိုင်မယ့် မသန်စွမ်းမှုမျိုး ဖြစ်လာခဲ့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now