အခန်း ၃၇ / အခန္း ၃၇

2.4K 242 0
                                    

Unicode

"အသင့်ပြင်ဆင်ပြီးပါပြီ"


ဆိုင်ရှင်သည် တုံ့ဆိုင်းနေခြင်းအလျဥ်းမရှိဘဲ ပြန်ဖြေသည်။ သူက ပျော်ရွှင်စွာပင် ငွေကို ထုတ်လိုက်သည်


"မိန်းကလေးသာ အရည်အချင်းတွေထုတ်မပြရင် နှမြောစရာဖြစ်နေမှာပဲ"


"ဒီအရည်အချင်းက ကျွန်မရဲ့ဘိုးဘွားတွေ လက်ဆင့်ကမ်းပေးလို့ ရရှိထားတာ ဆိုင်ရှင်က အဲ့ဒါကို ခိုးယူဖို့ကြိုးစားနေတာလား"


မုယွမ်ယောင်သည် သူမခေါင်းကို ဘေးစောင်းကာ နှုတ်ခမ်းပေါ်မှ အပြုံးစတို့သည် တဖြည်းဖြည်းဖျော့တော့သွား၏။


"အို မဟုတ်ရပါဘူး ကျွန်တော် မခိုးယူဝံ့ပါဘူး၊ ဒီတိုင်းမေးကြည့်ရုံသက်သက်ပါ၊ မိန်းကလေး စိတ်ထဲမထားပါနဲ့"


သူသာ သူမ၏ဤအရည်အချင်းကို ရယူလိုလျှင် သူမနဲ့ ဆက်ဆံရေးသည် ဆက်လက် ကောင်းမွန်နေရမည်။


"ဒီငွေနဲ့ကျွန်မတို့ အပေးအယူ ပြီးဆုံးသွားပါပြီ။ ကျွန်မတို့ ရှင့်ကို ဆက်ပြီး မနှောက်ယှက်တော့ပါဘူး"


"ကောင်းပါပြီ၊ ကောင်းပါပြီ ကျွန်တော် အားလုံးကို အပြင်လိုက်ပို့ပေးပါရစေ။ ပြန်ပို့ပေးဖို့ ရထားလုံးခေါ်ပေးရမလား"


"မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့အဘွားကို ဆေးခန်းခေါ်သွားပေးရဦးမှာမလို့ ကိုယ့်ဘာသာပဲ စီစဥ်လိုက်ပါ့မယ်"


မုယွမ်ယောင်က သူ၏အကူအညီကို ငြင်းကာ ငွေယူပြီး နွေဦးပန်းချီဆိုင်ကနေ အလျင်စလိုဖြစ်မနေဘဲ ထွက်ခွာလာခဲ့သည်။


ယန်ရှီက အလွန်စိတ်တုန်လှုပ်သွားသည်။ မြည်းလှည်းဆီရောက်ေသာအခါ အလောင်းစစ်ဆေးရေးအရာရှိလျိုကို သူတို့တွေ့လိုက်ရသည်။


"တောင်းပါတယ် စစ်ဆေးရေးအရာရှိလျို အချိန်အတော်ကြာစောင့်နေခဲ့ရမှာပဲ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now