အပိုင်း၁၀၉ - ကိုယ်ပိုင် အကြံဉာဏ်
မုယွမ်ယောင်၏မျက်လုံးတွေထဲတွင် ပျော်ရွှင်မှုတို့ ဖြတ်ပြေးသွားသည်ကို ယွဲ့ဝမ်တွေ့လိုက်ရသည်။ အလင်းတန်းက မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး ၎င်းကိုမြင်သူတိုင်း မနေနိုင်ဘဲ သက်တောင့်သက်သာတော့ ဖြစ်မိမှာပင်၊ သူက ခဏလောက် ကြောင်သွားပြီးနောက် အတွေးတွေကို အလျင်အမြန် ပြန်စုလိုက်သည်။
မုယွမ်ယောင်က ဂရုတစိုက်တွေးနေသည်။
“အခုလက်ရှိ ကျင်းလင်မြို့မှာ တစ်ဆိုင်ပဲဖွင့်ရသေးတာမို့ လူအယောက်ငါးဆယ်လောက်ပဲ လိုမယ်”
“မင်းက တစ်ခြားနေရာမှာ လက်ဖက်ရည်ဆိုင်ဖွင့်ချင်သေးတာလား?”
“အကယ်၍ ဒီတစ်ခုသာ အောင်မြင်ရင် လက်ဖက်ရည်ဆိုင်တွေကို တာ့လီနယ်မြေတစ်ခုလုံးမှာ ဖွင့်ပစ်မယ်”
မုယွမ်ယောင်က ခေါင်းစောင်းကာ အပြုံးတွေပြည့်နေတဲ့မျက်လုံးနဲ့ အတွေးတွေကို ဟာသတစ်ခုလို ပြောနေသည်။
“မင်းက အတော်လေးကို ရည်မှန်းချက်ကြီးတာဘဲ”
ယွဲ့ဝမ်က သူမစကားတွေကို အတည်မယူပေ။ အောက်ခြေလွှာက ပညာတော်သင်၊ လယ်သမား၊ လက်မှုပညာရှင် သူတို့အားလုံး တာ့လီနယ်မြေတစ်ခုလုံးမှာ ကုန်သွယ်ချင်ပေမယ့် အောင်မြင်သွားတဲ့သူ နည်းနည်းပဲရှိတယ်။ အကယ်၍ သူတို့အောင်မြင်သွားရင်တောင် နောက်ထပ် လှုပ်ရှားမှုတစ်ခုလောက်နဲ့ ကျရှုံးသွားနိုင်တယ်။ တစ်ချိန်က ကျန်းနန်ရှိ နွေဦးပိုးထည်ဆိုင်လိုပင်။ စုမိသားစုနဲ့ မုန့်မိသားစု ကျောထောက်နောက်ခံ ပြုထားတဲ့ ကျန်းနန်၌ပင်လျှင် နွေဦးပန်းထိုးဆိုင်၏အစအန မရှာနိုင်အောင်အထိ တစ်နေ့တည်းနဲ့ ပြိုကျသွားသည်။မုယွမ်ယောင်က နှုတ်ခမ်းစေ့ကာ ပြုံးလိုက်ပြီး ဘာကိုမှ ထပ်ရှင်းမပြပေ။
ယွဲ့ဝမ်က မုယွမ်ယောင်ရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့လူတွေကို စုဆောင်းဖို့အတွက် ခဏလောက်တိတ်ဆိတ်နေသည်။
ခဏလောက်ကြာပြီးနောက် တံခါးခေါက်သံကို ကြားလိုက်ရသည်။
“ဝင်လာခဲ့”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...