အပိုင်း ၁၄၅ /အပိုင္း ၁၄၅

1.4K 130 2
                                    

Unicode

အပိုင်း ၁၄၅ - နင်မပျော်လေ ငါကပျော်လေပဲ



မုယွမ်ယောင်က အံ့ဩယောင်ပြုလျက် သူ့ကို ကြည့်လိုက်ပြီး

“စုတာ့ရန် ကျွန်မရဲ့ချည်ပန်းထိုးလက်ရာကို အရင်က မြင်ဖူးတာလား”

သူမ ကျင်းလင်မြို့ကို ရောက်ရှိကတည်းက အမျိုးသမီးတွေအတွက်သာ အဝတ်အစားတွေ ချုပ်လုပ်ခဲ့သည်။ စုချင်းဝူသည် မနေ့က ဘုရင်ခံကျန်း၏ပွဲအခမ်းအနားဆီ ဆွဲခေါ်ခံခဲ့ရပြီး ပွဲတက်ကြတဲ့ ဘုရင်ခံကတော်နဲ့ အမျိုးသမီးကျင်းတို့ရဲ့အဝတ်အစားကလည်း သူမချုပ်ထားတာ မဟုတ်ပေ။ ထို့ကြောင့် စုချင်းဝူက သူမရဲ့လက်ပန်းထိုးလက်ရာကို ဘယ်နေရာကနေ မြင်ခဲ့လို့ သူမလက်ရာက သာမာန်ထက် သာလွန်တယ်ဆိုတာ သိနေရတာလဲ။

စုချင်းဝူက ခေတ္တရပ်တန့်သွားပြီး သူ့မျက်နှာပေါ်မှာ မချိပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဒါဆို ကျုပ်ကရော မိန်းကလေးမု ရန်ဆောင်တဲ့အကြည့်နဲ့ကြည့်အောင် ဘာများ ကျူးလွန်ခဲ့မိလို့ပါလဲ”

မုယွမ်ယောင်က ပြုံးလိုက်သည်။ ရှင် ကျွန်မအပေါ် နည်းလမ်းပေါင်းစုံနဲ့ယုတ်မာမှုတွေ ကျူးလွန်ခဲ့တာပေါ့။ သို့ပေမယ့် မုယွမ်ယောင်က အပေါ်ယံတွင် နားမလည်နိုင်ဟန်ဆောင်လျက်

“စုတာ့ရန် ဘာကို ပြောချင်တာလဲ။ ကျွန်မက သိချင်ရုံသက်သက်နဲ့ မေးမြန်းခဲ့တာပါ ကျွန်မ မမေးသင့်တာကို မေးမိသွားတာများလား”

“မင်းက ကျုပ်အပေါ် အငြိုးထားနေတဲ့ပုံပေါက်နေလို့ပါ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ စုတာ့ရန်က ငယ်ရွယ်ပြီး စွမ်းဆောင်ရည်ရှိတဲ့သူပါ။ မနေ့က မြို့ထဲဝင်လာစဉ်က လူကြီးမင်းရဲ့ ထင်ပေါ်နေတဲ့ ဆွဲဆောင်မှုက ကျင်းလင်တစ်မြို့လုံးမှာ ပျံ့နှံ့နေပြီးပြီ။ အခုချိန်မှာ ကျွန်မကို မနာလိုနေတဲ့သူ ဘယ်နှယောက်ရှိမလဲ သိချင်မိပါရဲ့။ ဒီကို လာတဲ့လမ်းမှာ အမျိုးသမီးတွေ ရှက်သွေးဖြာတဲ့အထိ ရှိုးတို့ရှန်းတန်းဖြစ်နေကြတာကို သတိမထားမိခဲ့ဘူးထင်ပါတယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now