အပိုင်း ၁၆၀ /အပိုင္း ၁၆၀

1.3K 137 2
                                    

Unicode

အပိုင်း ၁၆၀ -စိတ်မအေးစရာ

မုယွမ်ယောင်က ပြုံးပြနေပေမယ့် တည့်တိုးပင် ပြောလာသည်။
"ဒါဆို ရှင်က ရှုယီရိပ်သာပိုင်ရှင်ပေါ့"

"အတိအကျပါပဲ"

"ရှင့်ဘက်က စာချုပ်နဲ့ ပတ်သက်ပြီး ပြောလာမှတော့ ဒီကိစ္စကို ကိုင်တွယ်ရတာ ပိုလွယ်လိမ့်မယ်။ ကျင်းလင်! တင်းယွဲ့လန် နှင့် နီယွင်ဖန်းကြား ချုပ်ထားတဲ့ စာချုပ်ကို သူမကိုပြလိုက် "
မုယွမ်ယောင်က စကားတွေအများကြီးပြောပြီး အချိန်မဖြုန်းချင်ပေ။

"ဘာစာချုပ်လဲ"
ဂေဟာမယ်က ကျင်းလင်ရဲ့လက်ထဲက အရာကို ကြည့်လိုက်တော့ သူမမျက်နှာက လုံးဝ ဖြူဖျော့သွားသည်။ သူမက မျက်လုံးစွေစောင်းကာ မြေပြင်ပေါ်တွင်ထိုင်ပြီး အော်မည်ကြွေးတော့သည်။
"ဘုရားရေ၊ ဒီလူက ကျွန်မရဲ့အသက်ကို တောင်းနေတာပဲ မဟုတ်လား။ တင်းယွဲ့လန်ကို ဝယ်ခဲ့မိတဲ့ကျွန်မခမျာ ငွေလျန်တသောင်းကျော်တောင် သုံးစွဲခဲ့ရတာပါ။ အခုတော့ သူမကို အခြားတစ်ယောက်က လုယူသွားပြီ။ ဘယ်လို ဆက်ပြီး အသက်ရှင်ရမလဲ။ နံရံကို ခေါင်းတိုက်ပြီး သေလိုက်တာပဲ ပိုကောင်းတော့မယ်...."

လွန်ခဲ့သည့် အခိုက်အတန့်လေးတွင် ကျိုးကြောင်းဆီလျော်နေတဲ့သူက အရူးတစ်ယောက်လို ရုတ်တရက် ပြုမူလာလိမ့်မည်လို့ မုယွမ်ယောင် မမျှော်လင့်ထားတာမို့ မျက်မှောင်ကြုတ်လိုက်သည်။

ဂေဟာမယ်ရင်ထဲတော့ နေတတွေပြည့်နေလေပြီ။တင်းယွဲ့လန်သာ နီယွင်ဖန်းနှင့် စာချုပ်ချုပ်ခဲ့သည်ကို စောစောသိခဲ့ပါက မနေ့ညက ငွေတစ်သောင်းပေးလာသည်ကို ပျော်ရွှင်စွာ လက်ခံယူလိုက်မည်ဖြစ်သည်။ မုယွမ်ယောင်ကို ရိုက်ချဖို့ဆိုပြီး တင်းလောင်တာ့ရန်နှင့် တင်းလောင်ဖုရန်၏ သွေးထိုးလှုံ့ဆော်မှုကို နားထောင်ခဲ့မိသည့်အတွက် သူမကိုယ်သူမ အပြစ်တင်နေမိတော့သည်။

လူများစွာက ကျင်းရှို့ဥယျာဉ်အဝင်ပေါက်တွင် စောင့်ဆိုင်းနေကြသည်။ ပူးရှန့်လုံသို့ လက်ဖက်ရည်တစ်ခွက်သောက်သွားဖို့ ပြင်ဆင်နေသူ အဖွဲ့ဖြစ်၏။ တင်းယွဲ့လန် အကြောင်း သတင်းကြားတော့ သူတို့က ပိုလို့ပင်စိတ်ဝင်စားလာခဲ့သည်။ တင်းမိသားစု၏ ကိစ္စသည် ကျင်းလင်မြို့သူမြို့သားများအတွက် ဆွေးနွေးစရာခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်၏။ အခုထိပင် လူတွေက ပြောနေကြဆဲပင်။ တင်းမိသားစုဝင်တွေက ကျင်းလင်မြို့မှ ထွက်ခွာသွားကြပြီဟု ထင်ခဲ့ကြသော်ငြား သူတို့က တင်းယွဲ့လန်ကို ရှုယီရိပ်သာသို့ ရောင်းချလိုက်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now