အပိုင်း ၆၀ / အပိုင္း ၆၀

2.4K 251 2
                                    

Unicode

မုယွမ်ယောင်နဲ့ အကြိမ်များစွာ တွေ့ဆုံပြီးနောက်မှာ သူ့အကြောင်းကို ပိုသိလာခဲ့သည်။ စီရင်စုဘုရင်ခံကတော်ဆီ သူမကို ကိုယ်တိုင် ပို့ခိုင်းတယ်ဆိုကတည်းက ဒီဝတ်စုံဟာ လက်ခံရရှိသူကို အင်မတန် ကျေနပ်စေလိမ့်မယ်ဆိုတာ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မုယွမ်ယောင်က ထက်မြက်တာကြောင့် ဒီအရေးကြီးတဲ့ လူနှစ်ယောက်ကို သူမရဲ့ ရန်သူတွေ ဖြစ်လာစေချင်မှာ မဟုတ်ဘူး။

မုယွမ်ယောင် အိမ်ပြန်ရောက်တဲ့အခါ လုံးလုံးကစ်ကစ်နဲ့ အမွေးပွပွရှိတဲ့ ကြက်ကလေးနှစ်ကောင်ကို အိမ်ဝင်းထဲ ပတ်ဖမ်းနေတဲ့ စုချင်အား တွေ့လိုက်ရသည်။ သူမ အနည်းငယ် တန့်သွားပြီးနောက် မေးလိုက်သည်။

“အမေ၊ ဘာလုပ်နေတာလဲ”

မုယွမ်ယောင်ရဲ့ အသံကို ကြားတဲ့အခါ စုချင်က ချက်ချင်း အပြေးရပ်လိုက်သည်။ ကြက်ကလေးနှစ်ကောင်လည်း ရပ်သွားပြီး စုချင်ရဲ့ ပန်းထိုးဖိနပ်ကို လာဆိတ်နေကြ၏။

“ယောင်အာ ပြန်လာပြီပဲ။ ဒီနေ့ အဝင်ဝမှာ ကြက်ကလေးတွေ ရောင်းနေတာ မြင်တာနဲ့ နှစ်ကောင် ဝယ်လိုက်တာ။ ဝယ်ပြီးခါမှ သူတို့တွေ ဒီလောက် ယောက်ယက်ခတ်မှန်း သိတော့တယ်။ အဲ့တာကြောင့် လွှတ်ပေးလိုက်တော့မလို့။ တော်ကြာ ဒီနေရာကို ရှုပ်ပွအောင် လုပ်ပစ်လိမ့်မယ်”

မုယွမ်ယောင်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြက်ပေါက်လေးနှစ်ကောင်ဆီကို လက်လှမ်းလိုက်သည်။

“ဘာလို့လွှတ်ပစ်မှာလဲ။ ဒါအမေ့ရဲ့အိမ်ပဲ အမေ မွေးချင်တဲ့ အိမ်မွေးတိရစ္ဆာန် မွေးလို့ရတယ်”

သူမအမေ သူမကို ကိုယ်ဝန်ရှိတုန်းကလည်း ကောင်းကောင်း အနားမယူနိုင်ခဲ့ပေ။ ဆောင်းတွင်းမှာတောင် လီရှီက ရေခဲတမျှ အေးစက်တဲ့ ရေနဲ့ အဝတ်တွေ လျှော်ခိုင်းခဲ့သည်။ စုချင် အမြဲနေမကောင်းဖြစ်ပြီး လက်ဆစ်တွေ အလွန်နာကျင်ကိုက်ခဲလှတာကြောင့် သူမရဲ့ ပန်းချည်ထိုးအလုပ်ကို နောက်ထပ် မလုပ်နိုင်တော့ပေ။ ဒီအတောအတွင်း မုယွမ်ယောင်တစ်ယောက် အပ်ချုပ်တာနဲ့ အင်မတန် အလုပ်ရှုပ်နေတာကြောင့် စုချင်ကို အဖော်ပြုမပေးနိုင်ပေ။ တကယ်တမ်း စုချင် ဒီကြက်ကလေးနှစ်ကောင်ကို ဝယ်ခဲ့တာကလည်း သူမတစ်ယောက်တည်း ပျင်းရိစပြုလာတာကြောင့်ဖြစ်မည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now