အပိုင်း ၁၅၅ /အပိုင္း ၁၅၅

1.2K 134 2
                                    

Unicode

အပိုင်း ၁၅၅ - လက်ဖက်ရည်တစ်ခွက်လောက် မတိုက်ချင်ဘူးလား?

ဝေ့ယီ၊ ယွင်းချွန်းနဲ့ ကျန်သူတွေအားလုံး စိုးထိတ်သွားကြသည်။ အထိန်းတော်ချင်းပင်လျှင် နဖူးပေါ် ချွေးပြန်သွား၏။ အစက ဟာကွက်မရှိဟု ထင်ခဲ့ပေမယ့် ကြည့်ရတာ လိုအပ်ချက်တွေ အများကြီး ရှိနေပုံပင်။ မုယွမ်ယောင်သာ ထောက်မပြခဲ့ရင် ရှေ့လျှောက် ပြဿနာတွေ ကြုံလာနိုင်လောက်သည်။

“စိတ်မပူပါနဲ့ မိန်းကလေး။ ဒီအစေခံအိုကြီး သူတို့ကို အချိန်တိုင်း သတိပေးနေပါ့မယ်”

မုယွမ်ယောင်က ခေါင်းညိတ်လိုက်သည်။

“အထိန်းတော်ချင်း အရမ်းစိုးရိမ်ဖို့တော့ မလိုပါဘူး။ ဒါတွေအားလုံးက ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ။ ရွှေရောင်ဆိုင်းဘုတ်သာရသွားရင် ဘယ်သူမှ ထင်သလို ပြဿနာရှာရဲမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လက်ရှိဇာတ်ရုပ်ကို သတိရသရွေ့ အမှားကြီးကြီးမားမား မရှိနိုင်ပါဘူး။ ဒါပေမယ့် အမှားတစ်ခုခု ရှိခဲ့ရင်လည်း အထိန်းတော်ချင်းနဲ့ ကျွန်မဆီကို အချိန်မီ အကြောင်းကြားပါ။ ပူးရှန့်လုံက ကျင်းလင်တစ်မြို့ထဲမှာပဲ ရှိမှာမဟုတ်ဘူး။မင်းတို့ တခြားဆိုင်ခွဲတွေဆီလည်း သွားရနိုင်တယ်။ ဒါကြောင့် ဖုံးကွယ်ထားတာမျိုးမလုပ်နဲ့၊ ပြဿနာဖြစ်ရင်လည်း ငါတို့မသိအောင် ကြိတ်မဖြေရှင်းနဲ့”

“ဟုတ်ကဲ့ပါ မိန်းကလေး။ သင်ပြမှုတွေအတိုင်း လိုက်နာပါ့မယ်!”

“အထိန်းတော်ချင်း၊ ဥယျာဉ်ကို သန့်ရှင်းရေးလုပ်ထားလိုက်ပါ။ မနက်ဖြန် ဆိုင်ကို အချိန်မီဖွင့်မယ်။ ပြီးတော့ ဈေးနှုန်းကိုလည်း အရင်သဘောတူထားတဲ့အတိုင်းပဲ ထားမယ်နော်”

“ဟုတ်ကဲ့ပါ မိန်းကလေးမု”

ကျင်းလင်မြို့က လူတွေက နီယွင်ဖန်း မီးလောင်မှုကြောင့် ဒေါသထွက်ခဲ့ကြရသည်။ ထို့ကြောင့် မုယွမ်ယောင် လက်ဖက်ရည်ဆိုင်ဖွင့်တဲ့ သတင်းက တစ်မြို့လုံး မီးလိုဟုန်းခနဲ ပျံ့နှံ့သွား၏။

လူတိုင်းက ကျင်းရှို့ဥယျာဉ်တဝိုက်ကို စူးစူးစမ်းစမ်း ရောက်လာပြီး အပေါက်ဝကနေ ဥယျာဉ်ထဲကို တိတ်တဆိတ် ချောင်းမြောင်းကြည့်ကြသည်။ ကံမကောင်းစွာနဲ့ ရှန်ဖေးဝါးရုံစိမ်းစိမ်းတစ်အုပ်ကိုသာ မြင်ကြရသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Donde viven las historias. Descúbrelo ahora