အပိုင်း ၇၂ / အပိုင္း ၇၂

2.3K 246 6
                                    

Unicode

မုယွမ်ယောင် ခေါင်းငုံ့လိုက်တဲ့အခိုက် သူမရဲ့ ရှည်လျားတဲ့ မျက်တောင်တွေ အနည်းငယ် လှုပ်ခတ်သွားသည်။

“ဒါဆို ကျွန်မကို ခေါ်သွားပေးဖို့ အစ်မယင်းဟုန်ကို ဒုက္ခပေးရဦးမယ်”

ဦးညွတ်နှုတ်ဆက်ဖို့ လုပ်နေတဲ့ မုယွမ်ယောင်ကို မြင်တဲ့အခါ ယင်းဟုန်က အလျင်အမြန် ဘေးဘက်ကို ရွှေ့လိုက်သည်။

“မိန်းကလေးမု၊ ဒီအစေခံ မခံယူဝံ့ပါဘူး။ ရထားလုံး အဆင်သင့် ဖြစ်နေပြီမလို့ ဒီအစေခံ တံခါးနားမှာ စောင့်နေပါ့မယ်”

ယင်းဟုန်ဆီက အထိတ်တလန့် အမူအရာကို တွေ့ရတဲ့အခါ မုယွမ်ယောင်က ပြုံးရုံလေးပြုံးပြီး ဘာစကားမှ မပြောပေ။ သူမက အခန်းထဲ ဝင်သွားပြီး စုချင်ကို အသိပေးလိုက်သည်။ ထို့နောက် အဝတ်အစားလဲကာ ယင်းဟုန်နောက်ကနေ ရထားလုံးဆီသို့ လိုက်လာခဲ့သည်။

ချောင်အိမ်တော်ထဲက အရာအားလုံးသည် အရင်တစ်ခေါက်အတိုင်း အစဉ်တကျနှင့် သပ်သပ်ရပ်ရပ် ရှိနေသည်။ တစ်ခုလေး မူမမှန်တာက အစေခံတွေအားလုံး သတိကြီးကြီးထားနေပြီး စိုးရိမ်ထိတ်ပျာတဲ့ ပုံစံတွေ ဖြစ်နေကြတာပင်။

မုယွမ်ယောင် သခင်မကျင်းကို မြင်တဲ့အခါ သူမအခြေအနေကို တွေ့ပြီး ထိတ်လန့်သွားရသည်။

“သခင်မ ဘယ်လိုဖြစ်ရတာလဲ?”

နေရောင်ခြည်လို ဝင်းဖြာနေတတ်တဲ့ သခင်မကျင်းက သရဲတစ်ကောင်လိုမျိုး ဖြူစုတ်နေသည်။ သူမမျက်နှာက သိသိသာသာကြီး ညှိုးနွမ်းနေ၏။ မုယွမ်ယောင်ရဲ့ အသံကို သခင်မကျင်း ကြားတဲ့အခါ သူမက မတ်တပ်ရပ်လိုက်ပြီး တခြားအစေခံတွေကို အပြင်ထွက်ဖို့ လက်ရမ်းပြလိုက်သည်။

“မင်းတို့အားလုံး အခန်းထဲက ထွက်သွားကြ”

အစေခံတွေ ထွက်သွားတဲ့အခါ သခင်မကျင်းက မုယွမ်ယောင်ကို နံဘေးသို့ ဆွဲခေါ်လိုက်သည်။ သူမပုံစံက ပိန်ပါး ဖျော့တော့နေပြီး အသံကလည်း စိုးထိတ်နာကျင်မှု အပြည့်နှင့်။

“ယွမ်ယောင်၊ ငါ မင်းကို ဘယ်လို ကျေးဇူးတင်ရမှန်း မသိတော့ပါဘူး။ မင်းကြောင့်သာ မဟုတ်ရင် ငါဆက်ပြီး တုံးအနေမိဦးမှာ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now