အပိုင်း ၁၀၁/ အပိုင္း ၁၀၁

2K 218 4
                                    

အပိုင်း ၁၀၁

မုယွမ်ယောင်က ပေါ့ပေါ့ပါးပါး ပြုံးပြီး
"ငါက သူ့ကို အမှုဆင်နေတယ်? ဒါနဲ့ မင်း ဒီရက်ပိုင်း ချိုင်ယွဲ့(လရောင်ခြယ်ဆိုင်)ဆီကို သွားဖြစ်သေးလား။ ငါ သင်ပေးခဲ့တဲ့ ပန်းထိုးနည်းကို မင်းလည်း တစ်ခါမှ မရောင်းဖူးဘူးပေါ့"
  
"ကျွန်မတို့မလုပ်ပါဘူး!"
သူမက ခိုင်ခိုင်မာမာပင် ငြင်းဆိုလာ၏။
 
"မင်းရဲ့လက်ပန်းထိုးနည်းကို ငါသင်ပေးခဲ့တာ! ဒါက ငါ့ကိုယ်ပိုင်နည်းပညာတစ်ခုပဲ။ ကျင်းလင်မြို့ မှာတင်မကဘူး ကျန်းနန်တစ်ခုလုံးကို လိုက်ရှာရင်တောင် ဒီလက်ပန်းထိုးနည်းသုံးတဲ့တခြားလူ ရှာတွေ့မှာ မဟုတ်ဘူး။ ဒါပေမယ့် မနေ့ညက လရောင်ခြယ်ဆိုင်ကအဝတ်ခုနစ်ထည်မှာ လက်ပန်းထိုးထားတဲ့ ပုံစံအားလုံးက ငါ့ရဲ့ ကိုယ်ပိုင်အထူသီးသန့် ထိုးနည်းတွေပဲ.."
   
ကျင်းချိုးက နှာခေါင်းရှုံ့ရင်း
"ဒီလိုဆိုရင်တောင်မှ ကျွန်မတို့နဲ့ သက်ဆိုင်နေတယ်လို့ ကောက်ချက်ချလို့မရဘူး။ ဒီမှာ ရှိနေတဲ့သူတွေ အများကြီးပဲ။ ချည်ထိုးချုပ်နေတုန်း ဘယ်သူက မတော်တဆ ဖြတ်သွားမယ်ဆိုတာ အလွယ်တကူ မပြောနိုင်ဘူးလေ"

"မင်းလက်ကို ဆန့်လိုက်"

ကျင်းချိုးရဲ့နှလုံးသားမှာ ချက်ချင်းတုန်လှုပ်သွားပြီး လက်နှစ်ဖက်လုံးကို အင်္ကျီလက်ထဲ မြန်မြန်ပင် ထည့်လိုက်သည်။

"ဘာ…ဘာလုပ်မလို့လဲ?"

"မင်းရဲ့လက်ပန်းထိုးပုံက ကောင်းပါတယ်။ ဒါပေမယ့် ရှုပ်ထွေးတဲ့ပုံစံတွေကို ချည်ထိုးရတဲ့အခါ အပ်တွေရောထွေးကုန်ပြီး လက်ချောင်းတွေက မကြာခဏ ထိုးခံထိရတတ်တယ်။ ငါက မင်းတို့ကို ရက်အများကြီး မခိုင်းရသေးဘူးဆိုတော့ မင်းရဲ့လက်ချောင်းတွေက သန့်ရှင်းပြီး ထိခိုက်ရာ မရှိဘဲ ဖြစ်နေမှာပေါ့ ဟုတ်တယ်မလား ”
ယွမ်ယောင်၏ မျက်လုံးများက အေးစက်သွားပြီး ပြောလိုက်သည်
"မင်းလက်ကို ပြရဲလား"

ကျင်းချိုး၏ နှလုံးသားမှာ ထိတ်လန့်သွားပြီး နှုတ်ခမ်းကို ကိုက်လိုက်ကာ
"နင်က ဘာလုပ်ချင်နေတာလဲ။ ငါတို့ကို အပ်ချည်ပန်းထိုးပညာကို သင်ပေးခဲ့ရုံလေးနဲ့ ငါ့ကို စွတ်စွဲလို့ရတယ် မထင်နဲ့။ နင် ငါ့ကို မျက်စိမကျဘူးဆိုတာ ငါ သိတယ်။ ဒီလိုဖြစ်နေပြီဆိုတော့မှ ငါလည်း မနေနိုင်တော့ဘူး။ နီယွင်ဖန်းကနေ ထွက်သွားမယ်။ နီယွင်ဖန်းမရှိလည်း ငါနေနိုင်တယ်!"
ကျင်းချိုးက အော်ပြောလိုက်ပြီး တံခါးဆီ လှည့်ပြေးသွားပေမယ့် တံခါးကို မရောက်သေးခင်မှာပဲ သူ့ရှေ့မှာ အေးစက်တဲ့ အလင်းတန်းတစ်ခုနဲ့အတူ လည်ပင်းကို တည့်တည့်ထိုးထားတဲ့ ဓားရှည်တစ်ချောင်းကို တွေ့လိုက်ရသည်။ အရိုးထိပါ အေးစက်စက်ဖြစ်သွားစေ၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Där berättelser lever. Upptäck nu