အပိုင်း ၇၀ / အပိုင္း ၇၀

2.3K 254 4
                                    

Unicode

သခင်မကျင်း ပြောနေစဉ်မှာပဲ ယင်းဟုန်က သစ်သားသေတ္တာတစ်ခု အမြန်ထုတ်လာသည်။ ထိုသစ်သားသေတ္တာကို သခင်မကျင်းက မုယွမ်ယောင်ဆီ ပေးလိုက်ပြီး

“ဖွင့်ကြည့်လိုက်”

မုယွမ်ယောင် ခံစားချက်တစ်ခု ရနေသည်။ သူမမျက်နှာပေါ်မှာ သိချင်စိတ် အရိပ်အယောင် ရှိနေပြီး သေတ္တာငယ်ကို ဂရုတစိုက် ဖွင့်လိုက်သည်။ သေတ္တာထဲမှာ သပ်ရပ်တဲ့ စာရွက်ဆယ်ရွက် ရှိနေပြီး တစ်ရွက်ချင်းစီပေါ်တွင် အနီရောင်တံဆိပ်တုံး ထုထားသည်။

“သခင်မ ဒါတွေက…”

သခင်မကျင်းက ခေါင်းညိတ်သည်။

“ဒါတွေက သူတို့ရဲ့ ကျွန်စာချုပ်တွေပဲ။ ဒီမိန်းကလေးဆယ်ယောက်ထဲမှာ ခြောက်ယောက်က ငါ့အိမ်တော်မှာ ပေါက်ဖွားလာတဲ့သူတွေ။ ကျန်တဲ့လေးယောက်က အပြင်က ဝယ်ထားတဲ့သူတွေ။ သူတို့အသက်တွေကို ဒီစာချုပ်တွေနဲ့ ချည်နှောင်ထားတာဖြစ်လို့ မင်း ဒါကို စိတ်ကြိုက်သုံးနိုင်တယ်”

“သခင်မ ကျွန်မက သူတို့ကို နောက်ထပ် ရက်အနည်းငယ်ပဲ ငှားချင်တာပါ။ သူတို့ရဲ့ ကျွန်စာချုပ်တွေကို ယူဖို့ ရောက်လာခဲ့တာ မဟုတ်ပါဘူး”

“အဲ့တာ ငါသိပါတယ်။ ဒီစာချုပ်တွေက မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်တွေ။ ဒီမိန်းကလေးဆယ်ယောက်က မင်းဆီက လက်ပန်းထိုးနည်းတွေ သင်ယူထားတာဆိုတော့ မင်းက သူတို့ရဲ့ ဆရာသခင်လို့ ပြောလို့ရတယ်။ သူတို့ မင်းအပေါ်တင်နေတဲ့ ကျေးဇူးက သေချာပေါက် မိုးလောက်ကြီးတယ်။ ဒါပေမယ့် လူ့စိတ်ဆိုတာ ငါတို့ အတပ်ပြောလို့ရတဲ့အရာ မဟုတ်တော့ မင်း ဒီစာချုပ်တွေကို ကိုင်ထားပြီး စိတ်ချလို့ရတာပေါ့”

“သခင်မ…”

မုယွမ်ယောင်က ဆက်လက် ငြင်းဆိုချင်နေသေးတာကို မြင်တော့ သခင်မကျင်းက သေချာ မျက်နှာထားတည်လိုက်ပြီး
“ဘာလဲ မင်းက ငါ့အပေါ်မှာ ဒီလောက် ယဥ်ကျေးပြနေဖို့ လိုသေးလို့လား။ မင်း ဒါတွေကို ဒီတိုင်းလက်ခံဖို့ စိတ်မသက်သာဘူးဆိုရင်လည်း ငါ့အတွက် နောက်ထပ် ဝတ်စုံတွေ ချုပ်ပေးလိုက်ပေါ့”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now