အပိုင်း ၁၂၁ / အပိုင္း ၁၂၁

1.5K 155 8
                                    

Unicode

❗ Storygloryမှာ 131ထိကြိုတင်ပေးထားပါတယ်❗

အပိုင်း ၁၂၁ - တင်းယွဲ့ရှင်းရောက်လာခြင်း

မုယွမ်ယောင်က အသစ်ခန့်ထားတဲ့ ဆိုင်ရှင်တင်းကို အောက်ထပ်သို့ ခေါ်သွားသည်။ အောက်ထပ်မှ အလုပ်သင်များက အမြန်ထကာ နှုတ်ဆက်လာကြ၏။ ရံဖန်ရံခါ တင်းယွဲ့လန် ကို စူးစမ်းစွာ စိုက်ကြည့်ကြသေးသည်။

"အားလုံး တိတ်တိတ်နေကြ.. ဒီနေ့ ကြေညာစရာ တစ်ခုရှိတယ်။ သခင်မတင်းကို လူတိုင်းနဲ့ မိတ်ဆက်ပေးချင်တယ်။ ဒီနေ့ကစပြီး သူမက နီယွင်ဖန်းရဲ့ဆိုင်ရှင်ဖြစ်လာပြီ။ မင်းတို့ ဆိုင်ရှင်တင်းလို့ ခေါ်လို့ရတယ်။ အခုကစပြီး ကိစ္စရှိရင် ဖြေရှင်းဖို့ သူမကို ရှာနိုင်တယ်။ ဒါပေမယ့် ပြဿနာကို မဖြေရှင်းနိုင်သေးရင် ငါ့အမေဆီ ဒါမှမဟုတ် ငါ့ဆီလာလို့ရတယ်။ ပြီးတော့ ဆိုင်ရှင်တင်းရဲ့ညွှန်ကြားချက်တွေကို အတတ်နိုင်ဆုံးနားထောင်ပေးရမယ် နားလည်လား"

"ဟုတ်​ကဲ့ပါ သခင်မလေး။ ​​ဒီအစေခံတွေ နားလည်​ပါပြီ။ ဆိုင်​ရှင်​တင်းကို နှုတ်​ခွန်းဆက်​သပါတယ်​"

တင်းယွဲ့လန်က ခဏမျှ စဉ်းစားပြီးနောက် စပြောလာသည်။
"မင်းတော်တော်များများက ငါ့ကို သိကြမယ်ထင်တယ်။ ဒီနေ့တော့ ရှင်းရှင်းလင်းလင်း ပြောရမယ့်စကား ရှိတယ်။ အခု ငါက ကျိုးရွှမ်ဖုနဲ့ ကွာရှင်းပြီးပြီ။ ငါက အိမ်ထောင်ရှင်သခင်မ မဟုတ်တော့ဘူး။ နောက်ပြီး တင်းမိသားစုနဲ့လည်း အဆက်အသွယ် ပြတ်သွားပြီ။ နောင်မှာ ကောလဟာလတွေ အများကြီး ကြားလာရလိမ့်မယ်။ လိမ်ညာတာတွေအပြင် အတင်းအဖျင်းတွေလည်း ရောထွေးနေလိမ့်မယ်။ ငါ အရာအားလုံးကို မရှင်းပြနိုင်ပေမယ့် ငါ့ဘက်ကလိပ်ပြာသန့်တယ်ဆိုတာ‌ကိုတော့ ပြောနိုင်တယ်။ တခြားသူတွေ ငါ့အကြောင်း ဘယ်လိုပြောပြော ငါဘာမှလုပ်လို့မရဘူး။လူတိုင်းကို လိပ်ပြာသန့်သန့်နဲ့ စဥ်းစားခွဲခြားပြီး သိမြင်ပေးဖို့ တောင်းဆိုချင်တယ်"

မုယွမ်ယောင်က တင်းယွဲ့လန်၏လှုပ်ရှားမှုတွေ အတွက် အလွန် စိတ်ကျေနပ်လျှက်ရှိသည်။ တင်းယွဲ့လန်က သူမ၏ အခြေအနေကို အပေါ်ယံသာ ရှင်းပြပြီး ကောလဟာလများ ထွက်ပေါ်လာရင် ပြဿနာမဖြစ်အောင် ရှောင်ရှားခဲ့တာ ဖြစ်သော်လည်း ဒါက နီယွင်ဖန်းတွင် စိတ်ပါလက်ပါ နေထိုင်မည့် သူမရဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Où les histoires vivent. Découvrez maintenant