အပိုင်း ၃၄ / အပိုင္း ၃၄

2.4K 246 0
                                    

Unicode

ယန်ရှီ့နောက်ကျောမှာ ချွေးအေးတွေ ရွှဲနစ်နေသည်။

"ဒီငွေတွေ အများကြီးနဲ့ လန့်လို့သေတော့မှာပဲအေ... ငါတို့တွေ တစ်ခုခုဖြစ်ရင် ဘယ်နှယ့်လုပ်ကြမလဲ?"

ယန်ရှီတစ်ယောက် ရင်တမမ ဖြစ်နေ၏။

မုယွမ်ယောင်က ပြုံးလိုက်သည်။ ယန်ရှီ နဂိုအတိုင်း ပြုမူနေတာကို မြင်ရတဲ့အခါ သူမပိုပြီး စိတ်အေးသွားသည်။ ပိုက်ဆံက လူတွေရဲ့စိတ်နှလုံးသားကို ပြောင်းလဲနိုင်စွမ်း ရှိတာကြောင့် ယန်ရှီ့ဆီမှာ မရိုးသားတဲ့ စိတ်ကူးတွေ ရှိလာမှာကို သူမ စိုးရိမ်နေခဲ့တာပင်။

"အရီး၊ ကျွန်မတို့ ဝတ်စားထားပုံတွေနဲ့ ဒီလောက် ငွေတွေအများကြီး ရှိနေမယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်လောက်ပါဘူး"

"ရှူး တိုးတိုးပြောပါအေ့။ တစ်ယောက်ယောက် ကြားသွားရင် ဘယ့်နှယ့်လုပ်မလဲ"

"ဟုတ်ကဲ့ သိပါပြီ"

သူတို့တွေ ရွာကိုပြန်ရောက်တဲ့အခါ မုယွမ်ယောင်က ချည်ထိုးတဲ့အလုပ်ဆီ တန်းမသွားပေ။ သူမက ယန်ရှီကို ခေါ်ပြီး ငွေစက္ကူ ရာတန်နှစ်ရွက် ပေးလိုက်သည်။

"အရီး၊ အရီးနဲ့ ကျွန်မအမေက သူငယ်ချင်းကောင်းတွေမလို့ အမေ့ကိုယ်စား ပေးတာ။ ဒါ အရီးတစ်ယောက်တည်းအတွက်။ အရီးမငြင်းရဘူးနော်"

(ငွေစက္ကူ တစ်ရာက ငွေလျန်တစ်ရာနဲ့ ညီပါတယ်)

"ယွမ်ယောင်လေး၊ ညည်းအမေနဲ့ ငါက ယောက္ခမမုန်းတာ ခံရတာချင်း အတူတူပေမယ့် ငါက ညည်းတို့အမေထက် ကံကောင်းပါတယ်။ ငါ့ယောက္ခမက စောစောဆုံးသွားလို့ ဒုက္ခလည်း သိပ်မခံလိုက်ရဘူး။ အိမ်ထောင်ဦးစီးကြီးကလည်း ကောင်းကောင်း ဆက်ဆံပေးတယ်။ ဒါကြောင့် နင့်အမေ အနိုင်ကျင့်ခံရတာ မြင်ရရင် ငါ တအား ဒေါသထွက်တယ်။ ပိုက်ဆံတော့ ငါလည်း မက်ပေမယ့် လက်ရှိရော အနာဂတ်မှာပါ ငါ့ပုံစံအတိုင်းလေးပဲ ဆက်နေသွားချင်တယ်။ ဒီငွေတွေကို သုံးရမယ်ဆိုရင် ငါ့စိတ်က မသက်မသာနဲ့ နောင်တရနေမိတော့မှာ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Waar verhalen tot leven komen. Ontdek het nu