အပိုင်း ၆၇ / အပိုင္း ၆၇

2.3K 253 11
                                    

Unicode

လရောင်ခြယ်ဆိုင်ရှင်၏ မျက်လုံးထဲတွင် စိတ်ပျက်မှုတို့ ဖြတ်ပြေးသွားသည်။ သူ့အတွက် အချိန်အကြာကြီး ဆူးညှောင့်တစ်ခုလို ငြိတွယ်နေခဲ့သည့် နွေဦးပိုးထည်ဆိုင်သည် အခုတော့ ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့ပေမယ့် ဒီမိန်းကလေး ပေါ်လာပြီး သူ့စီးပွားရေးကို လုယူသွားသည်။ အကယ်၍ သူမလို မိန်းမငယ်လေး တစ်ယောက်ကိုတောင် ဖိနှိပ်ဖို့ မစွမ်းနိုင်လျှင် သူက လူတွေ ပြက်ရယ်ပြုစရာ ဖြစ်သွားမှာ မဟုတ်လား? အရင်နှစ်လတုန်းက လရောင်ခြယ်ဆိုင်သည် ခါတိုင်းထက် ဝင်ငွေ လျန်ထောင်အချို့ လျော့၍ရရှိခဲ့သည်။ ထိုအကြောင်း တွေးလိုက်ရုံနဲ့ပင် သူ့နှလုံးသားကို သွေးစိမ်းရှင်ရှင်ထွက်စေသည်။

"မိန်းကလေးမု တကယ်တော့ ကျွန်တော် ဒီကိုလာခဲ့တာက မင်းနဲ့ စပ်တူလုပ်ငန်း လုပ်ကိုင်ချင်လို့ပါ"

"စပ်တူလုပ်ငန်း? ကျွန်မလို မိန်းကလေးငယ်လေး တစ်ယောက်က ဘယ်လိုနည်းနဲ့ ရှင့်ကို ကူညီနိုင်မှာလဲ?"

"မိန်းကလေးမု ကိုယ့်ကိုယ်ကိုယ် ဒီလောက်ထိ နှိမ့်ချနေဖို့ မလိုပါဘူး၊ သခင်မကျင်းက မိန်းကလေးရဲ့လက်ရာကို တောက်လျှောက် ချီးမွမ်းနေတာ။ ဒါပေမယ့် အစအဆုံးအကုန်လုံးကို တစ်ယောက်တည်း လုပ်နေတာက သိပ်ပြီး အလုပ်တွင်မှာ မဟုတ်ဘူး။ အင်္ကျီတစ်ထည်ကို ချုပ်တာက ဆယ်ရက် ဆယ့်ငါးရက်လောက် အချိန်ယူရတဲ့အတွက် တစ်လမှ ငွေလျန် ထောင်ဂဏန်းလောက်ဘဲ မိန်းကလေးမု ရနိုင်တာ။ ပြီးတော့ အဲ့တာကလည်း လိုအပ်တဲ့ပစ္စည်းက ထင်မထားတဲ့ အပြစ်အနာဆာ မပါဦးမှ။ ဒီလိုသာဆို မိန်းကလေး အင်္ကျီချုပ်ဖို့ အချိန်ဘယ်လောက်ထိ ယူရမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ?"

လရောင်ခြယ်ဆိုင်ရှင်က စိတ်နှလုံးသား ပြည့်ဝစွာနဲ့ ကူညီပေးဖို့ ကြိုးစားနေတဲ့ လေသံမျိုးနဲ့ ပြောလာသည်။

"ကြည့်ရတာ ဆိုင်ရှင်က ကျွန်မကိစ္စတွေကို သေသေချာချာ နှံ့နှံ့စပ်စပ် စုံစမ်းထားပုံပဲ"

မုယွမ်ယောင်က အပြုံးငယ်လေးတစ်ခု ပြုံးပြလိုက်သည်။ သို့ပေမယ့် သူမပုံစံကို လုံးဝ အကဲခတ် မှန်းဆလို့  မရနိုင်သေးပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now