အပိုင်း ၁၉/ အပိုင္း ၁၉

2.6K 255 1
                                    


Unicode

"မင်းတို့ထဲမှာ ဘယ်တစ်ယောက်က မုယွမ်ယောင်လဲ"

အရာရှိက မေးလိုက်သည်။

မုယွမ်ယောင်က စုချင်၏ လက်ဖဝါးကို တိတ်တဆိတ် နှိပ်နှယ်ပေးရင်း သူမကို စိတ်ငြိမ်အောင် လုပ်ပေးနေသည်။ သို့သော် သူမကိုယ်တိုင်ရဲ့ မျက်နှာကတော့ ကြောက်ရွံ့မှုကြောင့် လုံးဝ ဖြူဆွတ်နေလေသည်။ ရွာသားတွေရဲ့ အကြည့်တွေ့အောက်မှာ ရှေ့ကို ဖြည်းဖြည်းချင်း လှမ်းလာရင်း

"ကျွန်မက မုယွမ်ယောင်ပါ"

အရာရှိက သူ့မျက်ခုံးတွေကို တွန့်ချိုးလိုက်၏။ ဒီကောင်မလေး ဒီလောက် ပိန်လှီပြီး အင်အားချိနဲ့ပုံ ပေါက်နေတာ ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်ကို သတ်ဖို့ ကိုယ်ခွန်အားရှိမှာတဲ့လဲ။ အဲ့ဒီတင်းရှန်က အရပ်တော်တော် မြင့်ပြီး ကြွက်သားတွေတောင့်တင်းတာ မုယွမ်ယောင်ကိုတောင် လက်တစ်ဖက်တည်းနဲ့ မနိုင်လောက်တယ်။ ဒီဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် မိန်းကလေးက သူ့ကို သတ်တယ်လို့ ပြောနေတယ်? လာနောက်နေတာလား။

အမှုစစ်က တင်းရှန်သေဆုံးရသည့်အကြောင်းအရင်းကို သိရရန် အလောင်းကို စတင် စစ်ဆေးနေပြီ ဖြစ်သည်။ ပြီးသွားတဲ့နောက်မှာတော့ ကြမ်းပြင်ပေါ်မှ ဓားမြှောင်ကို ကြည့်လိုက်ပြီး အတော်လေး ကြင်နာနူးညံ့သော မျက်နှာအမူအရာဖြင့် မုယွမ်ယောင်ဆီသို့ လျှောက်သွားလိုက်ကာ

"မိန်းကလေး မင်းရဲ့လက်မောင်းကို တစ်ချက် ကြည့်ကြည့်လို့ ရမလား"

မုယွမ်ယောင်က စုချင်၏ရင်ခွင်ထဲ ပို့ကျုံ့ဝင်သွားပေမယ့် မငြင်းဆန်လိုက်ပေ။ သူမက တုန်တုန်ရီရီဖြင့် အမှုစစ်ကို လက်ဆန့်ပေးလိုက်သည်။

သွေးသားမတော်စပ်တဲ့ ယောကျ်ားမိန်းမတွေကြားမှာ မဖြတ်ကျော်ရမည့် စည်းတစ်ခု ရှိသည်။ အမှုစစ်က စုချင်အား မုယွမ်‌ယောင် လက်မောင်းပေါ်မှ အဝတ်စကို ဖယ်ရှားခိုင်းလိုက်သည်။ ဒဏ်ရာကို တွေ့တော့ ပင့်သက်ရှိုက်လိုက်မိသည်။ ဒဏ်ရာက တော်တော်လေး နက်သည်။ အဝတ်စကို ဖြည်လိုက်သည်နှင့် သွေးတွေ ဒလ‌ဟော စီးကျလာပြီး အရိုးကိုတောင် မြင်နေရသည်။ သူမလက်မောင်းကို ဓားနဲ့ လှီးတဲ့သူက အတော်လေး ရက်စက်ကြမ်းကြုတ်တဲ့သူပဲ!

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now