"လီရှီ၊ ကျန်းယုံအန်း၊ အကယ်၍ မင်းတို့နှစ်ယောက် အပြစ်ရှိတာကို ဝန်မခံဘူးဆိုရင် ငါ အားသုံးရလိမ့်မယ်"
"လူကြီးမင်း ဒါက လုံးဝ မမျှတတာပါ ကျွန်မက စုချင်နဲ့ မုယွမ်ယောင်ကို ရောင်းပြီး ကျန်းယုံအန်းဆီက ငွေလက်ခံခဲ့ရုံတင်ပါ ကျွန်မ သူနဲ့ဘာမှ မပတ်သက်ပါဘူး"
လီရှီက ဆက်ပြီး မဖုံးကွယ်ထားရဲတော့ဘဲ ငိုယိုလျက် အမှန်ကို ထုတ်ပြောလာသည်။
"ဘာ ဒီအဘွားကြီးကတော့ သူ့သားသေပြီးခါစ ရှိသေးတယ် အခု ချွေးမနဲ့မြေးကို ရောင်းစားချင်နေတယ်ပေါ့၊ သူ့သား တမလွန်မှာ မအေးချမ်း ဖြစ်နေမှာကို မစိုးရိမ်ဘူးလား?"
မုယွမ်ယောင်က ခေါင်းငုံ့နေပြီး မျက်ရည်တွေ တပေါက်ပေါက် ကျဆင်းနေသည်။ သူမ ကြည့်ရတာ အလွန် ကရုဏာသက်ဖွယ် ကောင်းလှသည်။
မြို့သူမြို့သားတွေက ထိုကောင်မလေး ကျန်းချိုင်ကျူးလက်ထဲ ကျရောက်ပြီး ဆိုးရွာလှတဲ့ အဆုံးသတ်နဲ့ တွေ့ကြုံနိုင်ခဲ့တာကို တွေးကြည့်မိကာ လီရှီအပေါ် အမုန်းတရားတွေ ပိုတိုးလာသည်။
တရားသူကြီးလျိုက မျက်မှောင်ကျုံ့လျက် အစေခံတွေကို ပြောလိုက်သည်
"ဒီနှစ်ယောက်ကို အပြင် ခေါ်ထုတ်ပြီး အမှန်အတိုင်းပြောဖို့ သဘောမတူမချင်း ရိုက်နှက်ကြ"
မုယွမ်ယောင်က လီရှီဘေးတွင် ချက်ချင်း ဒူးထောက်ကာ ငိုယိုတော့သည်။
"လူကြီးမင်း ကျွန်မအဘွားက ခြေထောက်ကျိုးနေတာပါ၊ အပြစ်ပေးခံရမယ်ဆိုရင် အသက် သေဆုံးသွားနိုင်ပါတယ်၊ ကျွန်မ သူ့ကို ဖျောင်းဖျပါ့မယ်၊ သူ သေချာပေါက် ဝန်ခံမှာပါ။"
"သူ မင်းကို ဒီလောက်နာကျင်အောင် လုပ်ထားတာတောင် မင်းက ကာကွယ်ပေးချင်သေးတာလား"
မုယွမ်ယောင်က ခါးခါးသီးသီး ပြုံးလိုက်ရင်း
"သူမက ကျွန်မမိသားစု၀င်လေ"
သူမ အများကြီး မပြောပေမယ့် ထိုစကားလုံးတွေနဲ့တင် သူမရဲ့ နာကျင်မှုကို ဖော်ပြဖို့ လုံလောက်၏။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...