အပိုင်း ၁၄၆ /အပိုင္း ၁၄၆

1.3K 126 2
                                    

Unicode

အပိုင်း၁၄၆ - အရာအားလုံးသွားပြီ

ညလယ်ခေါင်တွင် ကျင်းလင်မြို့တစ်ခုလုံး တိတ်ဆိတ်နေသည်။ ရုတ်တရက်ပင် ကောင်းကင်တစ်ခုလုံး မီးကဲ့သို့ ရဲတောက်နေသော အလင်းရောင်တစ်ခု လက်သွားပြီး ညတစ်ခွင်လုံး အနီရောင်များ စွန်းထင်စေသည်။

လမ်းပေါ်တွင် ကင်းလှည့်ရန် တာဝန်ရှိသော အရာရှိများက မောင်းထုပြီး ပြည်သူပြည်သားတွေကို နှိုးကြသည်။ လူတွေအားလုံး သူတို့အဝတ်အစားတွေကို မြန်မြန်ဝတ်လိုက်ကြပြီး မီးဖြစ်ပေါ်ရာနေရာကို ကြည့်လိုက်ကြတော့ ၎င်းကိုမြင်သည်နှင့် ကြောက်ရွံ့မှုတို့ဖြင့် ဖြူဖျော့သွားကြသည်။

“ဒါက နီယွင်ဖန်းဆိုင်ရှိတဲ့ လမ်းကြောင်း မဟုတ်လား?”

ကျင်းလင်မြို့ရှိ မြို့သူမြို့သားများအားလုံး မြန်မြန်နိုးလာကြသည်။ ချောင်ယွင်နျန်ကလည်း အဝတ်အစားမြန်မြန်ဝတ်ပြီး နီယွင်ဖန်းဆီ အပြေးသွားသည်။

လူများက မီးကို ဝိုင်းငြိမ်းသတ်နေကြပြီ ဖြစ်သော်လည်း မီးငြိမ်းသတ်ရန်မှာ မလွယ်ကူလှပေ။

ချောင်ယွင်နျန်တစ်ယောက် ချွေးစေးများ ထွက်လာသည်။

“မိန်းကလေးမု ဘယ်မှာလဲ? နီယွင်ဖန်းထဲမှာ ပိတ်မိနေတဲ့သူ တစ်ယောက်ယောက်များ ရှိလား?”

“တံခါးကြည့်ရတာ ပိတ်ထားတဲ့ပုံပဲ၊ တစ်ယောက်မှ အထဲမှာ ရှိမနေလောက်ပါဘူး…”

ထိုစကားကိုပြောတဲ့သူကလည်း သိပ်ပြီး မသေချာလှပေ။

“မကြာသေးခင်ကမှ ကိစ္စတွေ ဖြစ်ပျက်ထားတာမလို့ မိန်းကလေးမုနဲ့ ကျန်တဲ့လူတွေက နီယွင်ဖန်းမှာ နေလောက်မှာ မဟုတ်ဘူး”

သူ ချွေးတွေကို မသုတ်နိုင်ခင်မှာဘဲ အိမ်ပေါ်မှ အကူအညီလှမ်းတောင်းသံကို ကြားလိုက်ရသည်။

“ကူညီကြပါ! ကူညီကြပါ!”

ချောင်ယွင်နျန်က ရုတ်တရက် သူ့ခေါင်းကို မော့လိုက်တော့ တတိယမြောက်အထပ်က လူတွေပြည့်နေတာကို မြင်လိုက်ရသည်။ ရုတ်တရက် အဆောက်အဦးရဲ့တံခါးက ပွင့်သွားကာ စောင်တစ်ထည် ပြုတ်ကျလာပြီးနောက် ပြတင်းပေါက်မှ အဝတ်ကြိုးများ ကျလာသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Tahanan ng mga kuwento. Tumuklas ngayon