အပိုင်း ၃၅ / အပိုင္း ၃၅

2.4K 256 1
                                    

Unicode 

ကျန်းချိုင်ကျူးရဲ့ ပြစ်မှုတွေဟာ နန်းတော်ဆီထိ ရောက်သွားကာ ဧကရာဇ်ကို အမျက်ဒေါသထွက်စေခဲ့သည်။ သူက ကျန်းရုံအန်းကို ချက်ချင်း သေမိန့်ချခဲ့သည်။ နစ်နာသူ မိသားစုဝင်တွေဟာ မြို့တော်တံတိုင်း အပြင်ဘက်တွင် စုဝေးကြပြီး ဧကရာဇ်၏ ကြင်နာမှုအတွက် အရိုအသေပေးကြသည်။ ဤအမှုကို တာဝန်ယူရသည့် ရာဇဝတ်တရားသူကြီးလျိုကိုလည်း ဧကရာဇ်က ဆုလာဘ်ချီးမြှင့်ခဲ့သည်။ ရာထူးတော့ မတိုးခဲ့ပေမယ့် မကြာမီ တိုးပေးခံရမှာ သေချာသည်။

ဒီအမှုမှာ မုယွမ်ယောင်နဲ့ သူမအမေကို လုံးဝ ဖော်ထုတ်ခြင်း မရှိခဲ့ချေ။ ကျန်ယုံအန်းရဲ့ သားကောင်ဖြစ်လုနီးပါး အမျိုးသမီးတချို့ ရှိခဲ့သည်ဟူ၍ပဲ ပြည်သူလူထုထံ ထုတ်ပြန်ထားခဲ့သည်။ သို့ပေမယ့် လီရှီကတော့ နာမည်ကျော်သွားခဲ့သည်။ အသက်ငါးဆယ်ကျော် ယောက်ျားသားနှစ်ယောက်က လီရှီ့ကိုရယူရန် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ခဲ့ကြတယ်ဆိုတဲ့ သတင်းဟာ လူထုအကြားမှာ အတင်းပြောကောင်းတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာလေသည်။

အမှုစစ်လျိုကို အခွင့်သင့်လျှင် ကျေးဇူးတင်ရမည်။ သူမတို့သားအမိရဲ့ နာမည်တွေ ထုတ်ဖော်မခံရတာ သူ့အကူအညီကြောင့်ပင်။

"ယောင်အာ၊ ဘာတွေဒီလောက်အာရုံစိုက်ပြီး တွေးနေတာလဲ"

"အမေ"

မုယွမ်ယောင်က သတိပြန်ကပ်မိပြီး ချက်ချင်း ချိုသာတဲ့ အပြုံးတစ်ခု ပြုံးပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ သမီးတို့တွေ မကြာခင် ကျန်းနန်မြို့မြင်ကွင်းကို မြင်နိုင်တော့မှာဆိုပြီး တွေးမိလို့ပါ။ သမီးအရမ်းပျော်တာပဲ!"

"ကျန်းနန်... ယောင်အာက အဲ့မြို့ကို သဘောကျတယ်ဆိုတော့ အမေတို့ သေချာပေါက် သွားကြတာပေါ့။ ဒါပေမယ့် သမီးရဲ့အဖွား သူ့ကိုရော..."

"သူ့ကိုပါ ခေါ်သွားရုံပေါ့"

သေချာပေါက် လီရှီ့ကိုပါ အတူခေါ်လာရမှာပေါ့။ ဘာပဲဖြစ်ဖြစ် သူမက လိမ္မာသိတတ်တဲ့ မြေးတစ်ယောက် မဟုတ်လား? သူမရဲ့ နာမည်ကောင်းကို အပျက်စီးခံလို့ ဘယ်ဖြစ်မလဲ။ သူမ လီရှီ့ကို ဘယ်နေရာမှာ လွှင့်ပစ်ခဲ့မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး...

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now