အပိုင်း ၃၁/ အပိုင္း ၃၁

2.4K 253 1
                                    

Unicode

မုယွမ်ယောင်က ယန်ရှီကူညီတာကို ပျော်ပျော်ကြီး လက်ခံလိုက်ပေမယ့် နောက်ငါးရက်၊ ခြောက်ရက်ကြာတော့ သူမကိုခေါ်ပြီး ငွေတစ်လျန် ပေးလိုက်သည်။ ယန်ရှီမျက်နှာ ပျက်သွားတာမြင်တော့ မုယွမ်ယောင်က အလျင်အမြန် ရှင်းပြလာသည်။

"အရီး ကျွန်မတို့ကို ပေးတဲ့အစားအသောက်တွေက ငွေကြောင့်မဟုတ်မှန်း သိပါတယ် ဒါပေမဲ့ ပေးတယ်ဆိုတိုင်း အလကား ထိုင်စားနေလို့မှ မရပဲ။ ရွာက လူတွေလည်း နေ့စဉ်အသုံးစရိတ်တောင် ချွေတာနေကြရတာမလား"

"ဟင်း ဒီကလေးမလေးကတော့ ကောင်းပြီလေ။ ဒီလိုဆိုမှတော့ ငါဒီငွေကို သုံးပြီး နင်နဲ့နင့်အမေအတွက် ဟင်းချက်စရာ ကောင်းကောင်း ဝယ်ပေးမယ်။ နင့်တို့ကိုယ်နင်တို့လည်း ကြည့်ဦး နှစ်ယောက်လုံး ပိန်ညှပ်နေတာမှ လေတစ်ချက် တိုက်ရုံနဲ့တင် လွင့်ထွက်သွားလောက်တယ်"

"ဟုတ်ကဲ့ပါအရီးရဲ့ ကျေးဇူးပါနော်။ အိုး ဟုတ်သားပဲ ကျွန်မဆီမှာ အသုံးမလိုတော့တဲ့ ချည်လုံးတွေ ရှိတယ် လက်ကျန်ချည်လုံးတွေရောပဲ။ သေချာလေး ပြန်လုံးထားတယ်! အရီးအားတဲ့အခါကျရင် သင်ပေးမယ်လေ"

"အို နင့်ပန်းထိုးနည်းက ငါ့အတွက်တော့ တော်တော် ခက်ပါတယ်အေ"

ယန်ရှီက မြန်မြန်ပဲ ငြင်းလိုက်သည်။ ထိုအရာကို သူမ လုပ်နိုင်လောက်မည် မထင်ချေ။

"ပန်းထိုးနည်းက အများကြီးရှိပါတယ်။ ကျွန်မသုံးတဲ့နည်းက တော်တော်လေး ခက်တယ်ဆိုပေမယ့် လွယ်တဲ့နည်းတွေလည်း သိတယ်လေ။ အရီး စိတ်အေးလက်အေးနဲ့ သင်ကြည့်ရင် သေချာပေါက် လုပ်တတ်သွားမှာ။ လယ်အလုပ်အားတဲ့အခါကျ လက်ကိုင်ပုဝါလေးတွေ ချုပ်ကြည့်ပေါ့။ ရောင်းလိုက်ရင် မိသားစုအတွက် အပိုဝင်ငွေတောင် ရသေးတယ်"

"ငါ ‌တကယ် လုပ်နိုင်ပါ့မလား"

ယန်ရှီတစ်ယောက် မသေချာမရေရာ ဖြစ်နေသည်။

မုယွမ်ယောင်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

"သေချာပေါက် လုပ်နိုင်တာပေါ့"

ယန်ရှီက သူမနဲ့ သူမအမေကို စိတ်ရင်းနဲ့ ကောင်းကောင်းမွန်းမွန် ဆက်ဆံပေးသူပင်။ ဒီကျေးဇူးတွေကို သူမ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ချေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now