အခန်း ၃၆/ အခန္း ၃၆

2.4K 247 0
                                    

Unicode

မုယွမ်ယောင်က သူမလက်ရာကိုသူမ အလွန်ကျေနပ်နေ၏။ ပုံကိုကြည့်လေလေ ကောင်းကင်ဘုံက သူမဘက်မှာရှိနေသလို ခံစားရလေပင်။

"နွေဦးပိုးထည်ဆိုင်ရှင်ဆီမပို့ခင် နှစ်ခေါက်လောက် သေချာစစ်ကြည့်ရအောင်လေ"

အခုက ပန်းထိုးတဲ့အပိုင်းပဲ ပြီးသေးသည်။ ဘောင်အဖြစ်သွင်းဖို့ အချိန်ကြာဦးမှာမို့ ဆိုင်ရှင်ဆီ တတ်နိုင်သမျှ မြန်မြန်ပို့ရမည်။

"ဟုတ်တယ် မြန်မြန်လုပ်ပြီး မြန်မြန်ပို့ကြတာပေါ့။ ဒီနားမှာတင် အချိန်ကြာနေရင် ငါ့အကြည့်နဲ့တင် အလှလေး ပျက်စီးသွားတော့မယ်"

ယန်ရှီတစ်ယောက် ကြည့်လေလေ ပျော်ရွှင်လာလေလေ ဖြစ်နေသည်။ မထိမိဖို့လည်း သူမကိုယ်သူမ ထိန်းထားရတာအမောပင်။

"အရီး ဒါဆို မနက်ဖြန်ကျရင် ကျွန်မတို့ကို အရီးနဲ့ဦးလေးယန်တို့ လိုက်ပို့ပေးလို့ရမလား"

"ရတာပေါ့ ညည်းတို့သားအမိနှစ်ယောက်တည်း လွှတ်လို့တော့ မဖြစ်ပါဘူး။ အိမ်ပြန်ပြီး ငါ့ယောကျ်ားကို မြည်းလှည်း အဆင်သင့်ပြင်ခိုင်းထားလိုက်မယ်"

"အရီး"

မုယွမ်ယောင်က ဝမ်းနည်းလျက်ရှိတဲ့ အမူအရာနဲ့ ခေါ်လာသည်။

"မနက်ဖြန် ပုံပို့ပြီးရင် အမေနဲ့ကျွန်မ ထွက်သွားတော့မှာ"

"ဒီလောက် မြန်မြန်ကြီလား..."

ယန်ရှီ့ရင်ထဲ တင်းကြပ်သွား၏။ သူမက စုချင်ကို ဝမ်းနည်းစွာကြည့်ရင်း ပြောလာသည်။

"ညီမစုချင်၊ နင်တို့နှစ်ယောက် တကယ်ဆုံးဖြတ်ပြီးသွားပြီလား"

စုချင်က ခေါင်းညိတ်ပြလိုက်သည်။

"ကျန်းချိုင်ကျူးကိစ္စက အုတ်အော်သောင်းနင်း ဖြစ်သွားတယ်လေ။ ယွမ်ယောင်ရဲ့အလုပ်ကလည်း လူသိများလာတယ်ဆိုတော့ ဒီမှာဆက်နေရင် ကျွန်မတို့သားအမိအတွက် မကောင်းနိုင်ဘူး"

ယန်ရှီက သက်ပြင်းချလာ၏။

"အဲ့တာလည်း ဟုတ်တာပဲ။ လူ့စိတ်ဆိုတာ အစိုးမရဘူး။ ဒါနဲ့ ပစ္စည်းတွေရော ထုတ်ပိုးပြီးပြီလား"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now