အပိုင်း ၂၉ / အခန္း ၂၉

2.5K 250 1
                                    

Unicode

“ဒါက အဖေ့အတွက် အမှတ်တရပုံဆိုတော့ အလျင်မလိုပါဘူး။ ကျွန်မ အချိန်ယူပြီးလုပ်ရမှာ”
ငါးစာလာဟပ်တဲ့အချိန် အရမ်းမြန်မြန်ကြီး ရစ်တင်လိုက်ရင် ငါးလွတ်သွားလိမ့်မည်။ ထို့ကြောင့် သူမလက်ထဲ ရောက်လာမယ့် အချိန်အထိ နည်းနည်းချင်းစီ အတင်းအလျော့ လုပ်ရမည်။

“ဆိုင်ရှင်၊ အပ်ချည်တွေက ဘယ်လောက်ထိကျတာလဲ။ အဖေ့အတွက်ဆိုတော့ အကောင်းဆုံးပဲလိုချင်ပေမယ့် ဒီအပ်ချည်တွေက အရည်အသွေး ကောင်းလွန်းနေတော့ ဝယ်ဖို့ ငွေမလောက်မှာစိုးရတယ်။ အခုအရေးပေါ် လိုနေတဲ့ဟာလောက်ပဲ ဝယ်လိုက်တော့မယ်"

“အာ မိန်းကလေး၊ အလျင်မလိုပါနဲ့။ မင်းက အသက်ငယ်သလောက် မိဘပေါ်အရမ်းသိတတ်တာများ ငါတောင် တော်တော်လေး အံ့သြရတယ်။ ငါ မင်းကို ဒီကချည်လုံးတချို့ ပေးလို့ရတယ်။ ဒါပေမယ့် ဒီမှာ အရောင်စုံမရှိဘူး… အကယ်၍သာ မိန်းကလေးက ကိုယ့်ရဲ့ ချည်ထိုးနိုင်တဲ့နှုန်းကို ပြောပြမယ်ဆိုရင် ငါ့အစေခံတွေကို ချည်လုံးတွေအားလုံး အမြန်စုခိုင်းလို့ ရနိုင်လောက်တယ်”

“ကျွန်မ တကယ်ပြောရင်လည်း လျှောက်ပြောတယ် ထင်ဦးမယ်။ ကျွန်မက အဖေနဲ့အတူတူ တောင်နဲ့မြစ်ပုံတွေ အများကြီး ကြည့်ဖူးခဲ့တော့ အရောင်တိုင်း ချည်မျှင်တိုင်းကို အလွတ်ရနေပြီ။ မြန်မြန်လုပ်မယ်ဆို နှစ်‌လလောက်နဲ့ အပြီးသတ်နိုင်တယ်”

“မိန်းကလေး တကယ်ပြောနေတာလား?”
ထိုမိန်းကလေးရဲ့စကားကို အနည်းငယ် သံသယဖြစ်မိပေမယ့် တကယ်သာ အမှန်ဆိုရင် သူ့အတွက် ထင်မထားလောက်တဲ့ အကျိုးအမြတ်တွေ ရနိုင်လောက်သည်။

“ရိုင်းသလိုဖြစ်သွားရင် စိတ်မရှိနဲ့နော်။ မိန်းကလေးနဲ့ မိန်းကလေးတို့ မိသားစုရဲ့ အဝတ်အစားတွေကို ကြည့်ရတာ သာမန်မိသားစုကလို့ ထင်တယ်။ ဒါပေမယ့် ဒီအရည်အသွေးကောင်းတဲ့ အပ်ချည်တွေ ပိတ်စတွေက အင်မတန် ဈေးကြီးတယ်လေ”

မုယွမ်ယောင်ရဲ့ အပြုံးက လွင့်ပါးမသွားပေ။
“ဦးလေးပြောတာ မှန်ပါတယ်။ အဲ့ဒါကြောင့် ကျွန်မက ချည်လုံးဝယ်ဖို့အတွက် အချိန်ယူပြီး ငွေစုဖို့ ဆုံးဖြတ်ထားတာ။ တစ်နေ့ကျရင်တော့ ကျွန်မရဲ့ တောင်တန်းနဲ့ မြစ်ပုံကို အပြီးသတ်နိုင်မှာပါ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now