အပိုင်း ၁၁၃ / အပိုင္း ၁၁၃

1.8K 190 0
                                    

[Unicode]

အပိုင်း ၁၁၃ - ပြောင်းလဲလွယ်တဲ့လူ့စိတ်

မုယွမ်ယောင်က သူမဘက် လှည့်ကြည့်ကာ ပြုံးလိုက်သည်
"မသိချင်ဘူးလို့ ပြောလိုက်ရင် လိမ်ရာကျမှာပေါ့။ ဒါပေမယ့် သခင်မက စကားမပြောချင်တာကို ကျွန်မက မေးမိရင် အတင်းပြောခိုင်းသလိုမျိုး ဖြစ်သွားလိမ့်မယ်။ သခင်မဘက်က စကားပြောချင်စိတ်ရှိနေရင် မေးနေစရာတောင် မလိုပါဘူး။ ဒါကြောင့် မမေးဖို့ပဲ ရွေးချယ်ခဲ့တာ"

သူမ ပြောစကားကို နားထောင်ရင်း တင်းယွဲ့လန်၏ နှုတ်ခမ်းတို့က ပြုံးလာလုနီးပါးဖြစ်သွားသော်လည်း ရုတ်တရက် ပျောက်သွားသည်။

"မင်းမှာ အစ်မ ရှိလား.."

"မရှိပါဘူး၊ ကျွန်မအမေ ကျွန်မကို မွေးတုန်းက သူ့ခန္ဓာကိုယ် ထိခိုက်သွားခဲ့တာ။ နောက်တော့ ကျွန်မက မိသားစုမှာ တစ်ဦးတည်းသောကလေးဖြစ်လာတာပဲ။ ညီအစ်ကို မောင်နှမတွေ မရှိဘူး။ တစ်ခြား‌သူတွေက သူတို့ မောင်နှမတွေဆီကနေ အကာအကွယ်တွေရတာ မြင်တော့ အားကျမိပါတယ်.."

တင်းယွဲ့လမ်က ရယ်လိုက်သည်။
"ငါလည်း အဲ့လို့ တွေးဖူးတယ်။ ငါ့အစ်မနဲ့ ငါက မိခင်တစ်ယောက်တည်းက မဟုတ်ပေမယ့် ငါ ငယ်ငယ်တုန်းက ရေကန်ထဲ ပြုတ်ကျတော့ ငါ့ကို ကယ်လိုက်လို့ အစ်မ ခန္ဓာကိုယ်က မကျန်းမမာဖြစ်သွားခဲ့ရတယ်။ အဲဒီနောက်မှာတော့ ငါ သူမကို ညီအစ်မအရင်းလို ဆက်ဆံပြီး သူမကို နှစ်ပေါင်းများစွာ ဂရုတစိုက် စောင့်ရှောက်ခဲ့တယ်။ သူမအတွက်ကြောင့်နဲ့ ငါ့ဒေါသတွေကို ထိန်းပေးခဲ့တဲ့အထိပဲ…"

တင်းယွဲ့လန်က နှုတ်ဆိတ်သွားသည်။ သူမက ဝမ်းနည်းမှုကြီးကြီးမားမား ခံစားနေရပုံပေါ်ကာ ဘေးမှ မုယွမ်ယောင်ကိုပါ သက်ရောက်လာပြီး နှလုံးသားတို့ပင် တင်းကြပ်လာခဲ့သည်။ 

ခဏအကြာတွင် တင်းယွဲ့လန်က ဆက်ပြောလာ၏။
"လူရဲ့နှလုံးသားက ကမ္ဘာမှာ ပြောင်းလဲဖို့ အလွယ်ဆုံးအရာလို့ ဘယ်သူထင်မှာလဲ။ မင်းကောင်းတယ်လို့ ထင်ခဲ့တဲ့အရာ၊ ညီအစ်မတွေရဲ့ ချစ်ခင်မှုလို့ မင်းထင်တဲ့အရာ၊ လင်နဲ့မယားလို့ မင်းတွေးနေတဲ့ အရာအားလုံးဟာ မီးခိုးတိမ်တွေလိုပဲ… လေတိုက်ပြီး တိမ်တွေ ပျောက်ကွယ်သွားတဲ့အခါ ပြန့်ကျဲနေတဲ့ အပိုင်းအစတွေကိုပဲ ရှင်းရှင်းလင်းလင်းမြင်ရတော့တယ်....."

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)जहाँ कहानियाँ रहती हैं। अभी खोजें