CH-36

1.8K 250 3
                                    

[Unicode]

ချင်းရို့ သူမလက်ထဲက ဘန်းမုန့်ပေါင်းကြီးကို စိုက်ကြည့်နေမိရာ ဒီဘန်းမုန့်ပေါင်းဟာ သူမမျက်နှာထက် ပိုကြီးနေသေးတယ်၊ ပြီးတော့ ဘန်းမုန့်ကို ပန်းပွင့်ပုံသဏ္ဍာန်အဖြစ် ပုံဖော်ထားပုံရကာ အနီရောင် နည်းနည်းဆိုးထားသလိုပင်။

သူမ ဘယ်ညာကြည့်လိုက်ရာ အခန်းထဲမှာ ဘန်းမုန့်ပေါင်းကြီးတွေ ကိုင်ထားကြတဲ့ လူလေးယောက်ရှိနေပြီး သူမလက်ထဲက ဘန်းမုန့်ကတော့ အကြီးဆုံးပင်။

ကလေးငယ်လေး အသံထွက်လာလျက် "ပန်းပွင့်ပုံမုန့်ပဲ"

ရှမင်ရှီးက ဝမ်းသာအားရဖြင့် အော်ပြောလိုက်ရာ "အိမ်ထောင်ကျတဲ့အခါ ပန်းပွင့်ပုံမုန့်ကို စားဖို့လိုတယ်လို့ အဖွားဝမ်ပြောဖူးတယ်။"

ချင်းရို့: "…"

ဒီတော့ ဒါဟာ ဒေသဆိုင်ရာထုံးတမ်းဓလေ့တစ်ခုများလား?

ဒါဆိုရင်တော့ သူမ စမ်းစားကြည့်ရမှာပေါ့လေ။

ချင်းရို့ ခေါင်းငုံ့ကာ တစ်ကိုက်ကိုက်ကာ ဝါးပြီးတဲ့နောက် ဘန်းမုန့်ဟာ သကြားပါပုံမရတာကို သူမသိလိုက်ရ၏။ လုယန်က သကြားထည့်ဖို့မေ့သွားတာများလား? နည်းနည်းဝါးပြီးတဲ့နောက် ဘန်းမုန့်က အရသာမရှိသလို အနည်းငယ်ခြောက်ကပ်ကပ်ဖြစ်နေလျက်။

ဒါပေမဲ့ ဒီဘန်းမုန့်ကြီးက တကယ့်ကို ထူထဲနေရောပဲ။

ဘန်းမုန့်ကို သူမ ကိုက်စားလိုက်သည့်အခါ ကျန်မျက်လုံးသုံးစုံမှာ သူမအား စိုက်ကြည့်နေကြလျက်။ လုယန်က သူ့လက်ထဲမှာ ဘန်းမုန့်ကို ကိုင်ထားပြီး နံဘေးတွင် ဘန်းမုန့်ပေါင်းတစ်ခြင်းရှိနေ၏။

မူလက သူ သာမာန်ဘန်းမုန့်လုပ်ရန် စီစဉ်ထားခဲ့သော်လည်း သူ့တူလေးက သူ့နားပြေးလာကာ "သားအဒေါ့်ကို ပန်းပွင့်ပုံမုန့်ပေးချင်လို့၊ ပန်းပွင့်ပုံမုန့်ကြီးကြီး..."

ထို့ကြောင့် သူ ခပ်ကြီးကြီးပုံစံ ဂျုံနယ်လိုက်၏။ လက်ရှိအခြေအနေကို အကန့်အသတ်မရှိခဲ့ပါလျှင်၊ ပေါင်းအိုးမှာ သေးလွန်းသဖြင့် ဒီလိုအရွယ်ကြီးကြီးတစ်ခုသာ ပေါင်းနိုင်ပေသည်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now