CH-20

1.9K 266 1
                                    

[Unicode]

လုယန်က ပရောဂျက်အများအပြားတွင် ပထမနေရာရရှိခဲ့ပြီး စုစုပေါင်းအဆင့်၌ပင် ပထမနေရာရခဲ့သေး၏။ သူ့ကို အခြားသောထရိန်နာများအား တစ်ပတ်ခွဲခန့် သင်ကြားစေပြီးမှ ပို့ချချက်ပြီးဆုံးမှသာ ချုံကျိုးကျွန်းသို့ ထွက်ခွာစေလိုခဲ့ကြ၏။

ဝမ်ယွမ်ကျန်းမှာ အံကြိတ်ကာဖြင့် သူရော လုယန်ပါ ချုံကျိုးကျွန်းသို့ သွားရမည်ဖြစ်၍ တိတ်တဆိတ် ပျော်ရွှင်နေလျက်။ သူကျွန်းကိုရောက်တဲ့အခါ အဲ့ဒီစုံတွဲက လက်ထပ်ပြီးရင် ဘယ်လိုနေထိုင်ကြမလဲဆိုတာကို သူ့မျက်စိနဲ့ သေချာမြင်တွေ့ရတော့မှာပဲ။

ရဲဘော်လုရေ၊ မင်း ကျွန်းကို ရောက်မလာခင်မှာ မင်းရဲ့ရဲဘော်ရဲဘက်တွေက ဝိုင်နှစ်ပုလင်းကို သေချာပြင်ဆင်ထားပေးမယ်ကွာ။ အဲဒီအချိန်ရောက်လာခဲ့ရင် မင်းရဲ့အိမ်ကို ငါတို့အတူတူလာကြမှာ၊ ပြီးရင် မင်းဝိုင်သောက်တာကို ငါတို့စောင့်ကြည့်နေမှာကွာ။

ဟမ့် ဝိုင်ပုလင်းနည်းနည်း ထပ်ပြင်ဆင်ထားရမယ်။

*

ချင်းရို့က သူမရဲ့ ခရီးဆောင်အိတ်အားလုံးကို ထုပ်ပိုးထားပြီးဖြစ်၏။ တပ်ရင်းက သူမအတွက် နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပပေးခဲ့ကာ သူမရဲ့ စစ်ယူနီဖောင်းကို ပြန်ယူလိုက်ပြီး သူမသည်လည်း တပ်မတော်မှ တရားဝင်နုတ်ထွက်ခဲ့လေသည်။

သူမမှာလည်း ပိုင်ဆိုင်မှုအများကြီးရှိမနေခဲ့၍ ခရီးဆောင်အိတ်ကြီးတစ်လုံးနှင့် သူမရဲ့ အပေါင်းအဖော်များက ပေးပို့တဲ့ပစ္စည်းများကိုသာ ထုပ်ပိုးထားလိုက်၏။ သူမရဲ့ပစ္စည်းတွေကို အောက်ထပ်ကို ယူသွားကာ လုယန်က သယ်ပေးခဲ့သည်။

ချင်းရို့သည် သူက ပစ္စည်းတွေကို လွယ်လွယ်ကူကူ မနိုင်ပြီး အေးအေးဆေးဆေးလမ်းလျှောက်နိုင်သည်ကို မြင်တော့ မလေးစားမိဘဲမနေနိုင်ချေ။

သူမ ထွက်ခွာသွားချိန်၌ လူအချို့က သူမကို လိုက်ပို့ကြ၏။

ချင်းရို့က လူအုပ်ထဲမှ ရွှယ်ထင်ထင်ကို ကြည့်ကာ လက်ရှိတစ်ယောက်မှာ လျောင်ထင်ထင်ပဲလို့ သူမလည်း ခန့်မှန်းမိလေသည်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now