CH-84

1.1K 162 3
                                    

Unicode

"ရှောင်ဟွမ် ငါတို့လည်း ခြံထဲမှာ ဓာတ်ပုံရိုက်သင့်တယ်လို့ မင်းထင်လား?"

"ဘာဓာတ်ပုံတုန်း? ရှင့်ခွေးကိုက်ထားတဲ့ ပန်းပင်တွေပုံကို ရိုက်ချင်တာလား?"

"မဟုတ်ဘူး ငါတို့ ဓာတ်ပုံရိုက်ရမယ်!"

ကျန်းချန်ပေ့က ဓာတ်ပုံရိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။ သူက ဘေးအိမ်သို့သွားကာ သူတို့ခြံထဲမှာ သူ့မိန်းမနဲ့ အတူတူ ဓာတ်ပုံရိုက်ချင်ကြောင်း အရှက်မဲ့စွာ ပြောလိုက်ရာ ချင်းရို့က သဘောတူလိုက်ပါသည်။

မစ္စတာကျန်းဟာ သူ့မိန်းမကို လှိုင်လှိုင်ပေါများနေတဲ့ ဟင်းရွက်စိုက်ခင်းဥယျာဥ်ရှေ့တွင် ဓာတ်ပုံရိုက်၍ သူ့ရဲ့ အရင်တုန်းက သူငယ်ချင်းကောင်းဆီသို့ ဓာတ်ပုံတွေကို ပေးပို့လိုခဲ့သည်။

ထို့ကြောင့် ခြံထဲမှာ သူထယ်ထိုးတဲ့အကြောင်း၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပန်းပင်တွေကို စိုက်ပျိုးနေတဲ့အကြောင်း၊ ​​သူ့မိန်းမကို ပျော်ရွှင်အောင် ဘယ်လိုကြိုးကြိုးစားစား လုပ်ဆောင်နေတဲ့အကြောင်း... စသဖြင့် ရေးသားထားတဲ့ စာတစ်စောင်နဲ့ တွဲကာ ပို့လိုက်လေ၏။

ဘာပဲဖြစ်ဖြစ် သူပြောခဲ့တာတွေက အမှန်ပဲလေ။ တစ်ဖက်သားက ဘယ်လိုထင်သလဲဆိုတာတော့ သူနဲ့ ဘာမှမဆိုင်ပါဘူး။

***

ချင်းရို့တို့ ဇနီးမောင်နှံဟာ အိမ်မှာပဲ တစ်နေကုန် အတူတူနေခဲ့ကြသည်။ နောက်တစ်နေ့ မနက်စောစော အရုဏ်မတက်မီတွင် သူတို့နှစ်ယောက်က ချင်းမျန့်တို့မိသားစုနဲ့အတူတူ နေထွက်တာကိုကြည့်ဖို့ ကမ်းခြေသို့ သွားကြ၏။ ထိုအချိန်တွင် ဒီရေကျသွားသဖြင့် ကျယ်ပြောတဲ့မြေပြန့်မှာ ပေါ်လာခဲ့သည်။

နေထွက်ချိန်၌ ပင်လယ်ရေမျက်နှာပြင်မှနေထွက်လာပေသည်။ ထိုအချိန်တွင် အလင်းရောင်တန်းတွေဟာ လူတွေကို မျက်လုံးမဖွင့်နိုင်လောက်အောင် လွန်စွာ တောက်ပနေချေပြီ။ ကောင်းကင်ရဲ့ အရောင်ဟာ အလွန်လှပလာသလို ကောင်းကင်ထက်က တိမ်တွေဟာလည်း မြန်ဆန်စွာ ပြောင်းလဲနေလျက် လှိုင်းလုံးများကဲ့သို့ လူးလိမ့်နေလေ၏။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now