CH-35

1.8K 266 3
                                    

[Unicode]

ချင်းရို့မှာ သူမမျက်နှာ ထပ်ပြီးလောင်ကျွမ်းသွားတော့မလို ခံစားလိုက်ရ၏။ မွှေးပျံ့ပျံ့အုန်းရည်ကို သောက်နေခဲ့တာတောင်မှ ကော့တေးသောက်နေခဲ့ရသလိုမျိုး သူမရဲ့ ပါးပြင်လေးမှာ အနည်းငယ်နီစွေးနေလျက်။

မူလက ပင်လယ်လေညင်းလေးက အေးမြသော်လည်း ယခုအခါ ပူလာသလို ခံစားလိုက်ရသဖြင့် သူမလည်း မသိစိတ်အလျောက် ခေါင်းငုံ့လိုက်ပြီး အုန်းသီးကို ပွေ့ဖက်လျက် ချိုမြမြအုန်းရည်ကို တစ်ငုံထပ်သောက်လိုက်လေသည်။

သူမ ဘာလုပ်လိုက်မိသည်ကို သိရှိသွားပြီးနောက် ချင်းရို့မှာ အံ့အားသင့်မိသွားရလျက်။

ချင်းရို့ဟာ မိန်းကလေးအများအပြားရှိသည့် သာမာန်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခဲ့ကာ မိန်းကလေးတစ်ချို့နှင့်လည်း ဆက်ဆံရေးကောင်းမွန်လေ၏။ သူတို့တွေဆို နို့လက်ဖက်ရည်ဝယ်သည့်အခါ အချင်းချင်းရဲ့ နို့လက်ဖက်ရည်ကိုတောင် သောက်ကြသလို နို့လက်ဖက်ရည်ဆိုင်က မိတ်ဆက်ပေးတဲ့ နို့လက်ဖက်ရည်ခွက်ကြီးတစ်ခွက်နှင့် ပိုက်နှစ်ချောင်းပါတာကိုတောင် အတူတူ ဝေမျှသောက်ကြသေးသည်။

ချင်းရို့က ဒီလိုကိစ္စမျိုးနှင့်ပတ်သက်ရင် အလွန်သောကရောက်ရကာ သူမနှလုံးသားမှာလည်း မကျော်လွှားနိုင်ချေ။ သူမက တခြားသူများနှင့် ပိုက်ကို မဝေမျှချင်သလို နို့လက်ဖက်ရည်တစ်ခွက်ကိုလည်း အတူတူမသောက်ချင်ပေ။

သို့ရာတွင် ယခုမူ သူမ လုယန်နှင့်အတူတူ အုန်းရည်သောက်လိုက်သော်လည်း သူမဘယ်လိုမှမခံစားရဘဲ သူ့တံတွေးကို စိတ်ထဲမထားခဲ့ချေ။

နှစ်ငုံထပ်သောက်ကြည့်ပြီးနောက် အရင်ကထက်တောင် ပိုချိုလာပုံရတယ်ရော။

ဒါက ထင်ယောင်ထင်မှားပဲ ဖြစ်ရမယ်။

အုန်းသီးကို နာနာခံခံလေး ပွေ့ဖက်ထားရင်း ဝါးပြွန်ကို ကိုက်ထားဆဲ ချယ်ရီနီရောင်နှုတ်ခမ်းတစ်စုံကို တွေ့လိုက်ရတော့ လုယန်မျက်ဝန်းထဲမှာ ချစ်မြတ်နိုးလှတဲ့ အပြုံးလေးပေါ်လာလေသည်။

"ဇနီးလေးရေ ကိုယ်တို့ ဒီညနေ ဘာစားကြမလဲ?"

—— မနက်စာ ဘာစားရမလဲ?

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now