CH-18

2.5K 315 3
                                    

[Unicode]

ကျိုးရှောင်လင်းရဲ့ မျက်လုံးတွေက စူးရှသောကြောင့် အဝေးက လူနှစ်ယောက်ကို လှမ်းမြင်ခဲ့ကာ "ကြည့်လိုက်၊ ဟိုနားကလူက တပ်မတော်အရာရှိလေ။ သူက ချင်းရို့ကို ပြန်လာပို့တာပဲ"

မစ္စယန်က ခေါင်းလှည့်ကြည့်လိုက်တော့ ချင်းရို့ဘေးမှာ သူရဲကောင်းဆန်ဆန် လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူက အဖြူရောင်ယူနီဖောင်းကို ၀တ်ဆင်ထားကာ သူ့ဦးထုပ်ပေါ်ရှိ ကြယ်နီမှာ နေရောင်အောက်၌ ထူးထူးခြားခြား တောက်ပနေလျက်။

သူတို့နှစ်ယောက် ဘာအကြောင်းတွေပြောနေကြတာပါလိမ့်?

ထိုသည်ကိုမြင်တော့ ကျိုးမိန်လန်က သူမအား ချက်ချင်းပင် နှိုးဆော်လိုက်ကာ "ရှင်ပဲ ချင်းရို့ကို ရှာနေတာမဟုတ်လား? ဘာလို့ မြန်မြန်မလုပ်တာလဲ? သူမက ရှင်ရဲ့သားကို မြှူဆွယ်လို့ ရှင်ပဲ ဆူငေါက်ချင်နေခဲ့တာ မဟုတ်ဘူးလား?"

သူမက အရာရှိလုရဲ့ အရှေ့မှာ မစ္စယန်ကို ပြဿနာရှာစေချင်ခဲ့တာပင်။ ချင်းရို့က ကိုင်းမြင့်မြင့်ကို တွယ်တက်လေ့ရှိပြီး မိထွေးတစ်ယောက်တောင်ဖြစ်ချင်ခဲ့တယ်ဆိုတာကို တပ်မတော်အရာရှိအား သိစေချင်ခဲ့တာဖြစ်၏။

သူတို့နှစ်ယောက်ဟာ မစ္စယန်သောင်းကျန်းဖို့ လျှို့ဝှက်စွာ မျှော်လင့်ခဲ့သော်လည်း မစ္စယန်က ကျိုးမိန်လန်ဆီ တံတွေးလှည့်ထွေးလိုက်ရာ သူမရဲ့ဖိနပ်ပေါ်ကျသွားလေ၏။ "ဟမ့် နင့်မှာ ယုတ်မာတဲ့စိတ်ထားရှိတာပဲ"

မစ္စယန်သည် ကျေးလက်သူတစ်ယောက်ဖြစ်သော်လည်း သူမက အရူးမဟုတ်ပေ။ သူမက ချင်းရို့ကို ပြဿနာရှာရန် အနုပညာအဖွဲ့သို့ လာဝံ့သည်မှာ ချင်းရို့မှာ နောက်ခံမရှိသလို သူမရဲ့အစ်မဟာလည်း နောက်ခံမကောင်း၍ပင်။

သို့ပေသိ သူမဘေးနားမှ ထိုအမျိုးသားနှင့်ဆိုလျှင်၊ သူမက "အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွှံ့"သင့်ကြောင်းကို သူမရဲ့အသိဥာဏ်နည်းနည်းလေးနဲ့တောင် သိနိုင်ရာ သူမသားအတွက် ပြဿနာတွေမပေးချင်ပါဘူးနော်။

သူမကို ဒုက္ခရောက်အောင်လို့ အားပေးအားမြှောက်လုပ်နေကြတဲ့သူတွေဟာ ယုတ်မာရက်စက်ကြတဲ့သူတွေပဲ။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now