CH-56

1.5K 211 2
                                    

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း

အခန်း (၅၆)

လုယန်ရဲ့ပုံစံမှာ ပြောင်းလဲသွားတာ သေချာနေပါသည်။ အရင်က သူတို့ ကျောင်းတက်တုန်းကဆို သူတို့က နေ့ရောညပါ အတူတူရှိခဲ့ကြတာပဲလေ။ ရဲဘော်ရှောင်လု ဘယ်လောက်ကြမ်းတမ်းသလဲဆိုတာ သူသိတာပေါ့။

-အိမ်ထောင်သည်တွေက ကွဲပြားသွားတာပဲကွာ။

ချစ်စိတ်ပြင်းပြနေတဲ့ ရနံ့လေးပဲဟ။

လုယန်က သူ့ကိုမြင်သည်နဲ့ စိတ်အားထက်သန်စွာဖြင့် "လောင်ဝမ်!"

လုယန်က သူ့ကို အရမ်းသတိရနေခဲ့ပါသည်။ လောင်ဝမ်ကို ရဲဘော်လောင်မာနှင့် နှိုင်းယှဥ်ကြည့်ပြီးနောက် လောဝမ်နဲ့ နေရတာ ပိုပျော်ဖို့ကောင်းမှန်း သိသွားရပြီမို့ ဒီကောင့်ကို အင်မတန် သတိရနေမိခဲ့သည်ပင်။ ကျောင်းတက်တုန်းကဆို နေ့တိုင်း ဒီလူက မိန်းမယူမယ့်အကြောင်း၊ ချိန်းတွေ့မယ့်အကြောင်းတွေချည်း ပြောနေတတ်တယ်လေ။

အခုဆို သူ့မှာ လောင်ဝမ့်ကို ပြောပြချင်တဲ့ စကားတွေ အများကြီးရှိနေပါသည်။

တစ်ဖက်လူက အရမ်းစိတ်အားထက်သန်လွန်းနေတာကြောင့် ဝမ်ယွမ်ကျန်းမှာ နှလုံးခုန်သံမြန်သွားရလျက် "..."

ဘာလဲဟ! ဒီကောင်က သူ့ကို ကြွားချင်လွန်းလို့ လိုက်ရှာနေတာပဲဖြစ်ရမယ်။
(အကြောင်းသိချက်တွေနော် သူငယ်ချင်းကောင်းပီသ 😂)

ဝမ်ယွမ်ကျန်းလည်း သူ့ကို စိတ်ရှုပ်စွာ စိုက်ကြည့်လိုက်ရင်း "မင်းရဲ့ဒီလိုပုံစံက... ဂုဏ်သရေရှိတဲ့ပုံစံက ဘယ်ရောက်သွားရတာလဲကွာ"

လုယန်က စိတ်ကောင်းဝင်နေသဖြင့် သူပြောလိုက်တာကို ဂရုမစိုက်ပါချေ။ သူက ဝမ်ယွမ်ကျန်း ပုခုံးပေါ်ကို လက်တင်လိုက်ပြီး "လောင်ဝမ်... မင်းက အတော်လေးအမြော်အမြင်ရှိတာပဲကွာ ငါ့ကောင်ရ... ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျောင်းမှာ ငါက တကယ်ပဲ အလံတင်ပေးခဲ့ရတယ်လေ။ ပြီးတော့ အခု ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းထဲက ကြော်ငြာသင်ပုန်းပေါ်မှာ ငါ့ဓာတ်ပုံက ကျောင်းရဲ့ မျက်နှာဖုံးအဖြစ် ရှိနေတယ်ဆိုပဲကွ"

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now