CH-74

1.3K 188 2
                                    

Unicode

"ကောင်းပါပြီ ဒါဆိုလည်း ဒီအတိုင်းပဲ ဆက်နေကြတာပေါ့"

"အစ်မဟွမ် ရောက်ပြီပဲ။ သူမကို နှုတ်ဆက်ရအောင်"

လုယန်က အချစ်ကို ဘယ်လို​ဖော်ပြရမှန်း မသိသော်လည်း သူမကို အိတ်ဆောင်နာရီတစ်လုံး ပေးခဲ့ပေသည်။ အဲ့ဒါက အိတ်ဆောင်နာရီတစ်စုံပေါ့။ ထင်ရှားသည်မှာ ဤခေတ်ကာလရှိ လူတွေက နာရီပေးရတာ ကြိုက်ကြသောကြောင့် အိတ်ဆောင်နာရီတစ်စုံနဲ့ လှည့်စားနေတဲ့ တစ်ယောက်ယောက်ကို သူရှာတွေ့ခဲ့သည်။ သူက သူ့ရဲ့ ကိုယ်ပိုင်ငွေအားလုံးကို အသုံးပြုခဲ့ပြီးနောက် ကျန်ငွေကိုတော့ ချင်းရို့က ပေးချေခဲ့သည်။ 

လက်ဖွာတဲ့အမျိုးသားလေးပဲဟေ့!

အနှီအိတ်ဆောင်နာရီမှာ ငွေရောင်မျက်နှာပြင်နှင့် ရိုးရိုးရှင်းရှင်း ပုံစံလေးဖြစ်ပြီး အလွန်လှပကြည့်ကောင်းလေ၏။

သို့သော် အိတ်ဆောင်နာရီကို ဖွင့်လိုက်သည်နဲ့ အတွင်းထဲမှာတော့ ကလေးကလားဆန်နေလျက်။

တစ်ဖက်မှာ ဒိုင်ခွက်ဖြစ်ပြီး ကျန်တစ်ဖက်မှာတော့ -

- တပ်မတော်အရာရှိတစ်ဦးရဲ့ ID ဓာတ်ပုံပင်။

ဓာတ်ပုံထဲက အမျိုးသားဟာ ချောမောခန့်ညားတဲ့အသွင်အပြင်ရှိနေပြီး သူက စစ်တပ်ထဲဝင်ကာ စစ်မြေပြင်ကို သွားချင်သကဲ့သို့ ဖော်မပြနိုင်လောက်အောင် တက်ကြွနေတဲ့ အသွင်အပြင်ရှိနေလျက်။ ဒီလိုပုံမျိုးကို လူသိရှင်ကြား ဓာတ်ပုံအဖြစ် သုံးလို့ရပါသည်။

ချင်းရို့: "…"

ချင်းရို့က လုယန်ရဲ့ အိတ်ဆောင်နာရီထဲရှိ သူမရဲ့ ဓာတ်ပုံကို သိချင်သော်လည်း လုယန်က သူမကို မပြခဲ့ပါချေ။ နောက်ပိုင်းတွင်မူ အဲဒီပုံဟာ သူမ အလုပ်လျှောက်လွှာအတွက် ရိုက်ခဲ့တဲ့ IDဓာတ်ပုံဖြစ်ကြောင်း သိခဲ့ရလေသည်။

သူမဟာ ချောမောလှပပြီး လေးနက်လွန်းပုံပေါ်​နေသလို သူမသည်လည်း စစ်မြေပြင်သို့ သွားနေရသကဲ့သို့ပင် စိတ်ဓာတ်တက်ကြွနေတဲ့ အသွင်အပြင်ရှိနေခဲ့သည်။

နောက်ဆုံးတော့လည်း အဲဒါဟာ အလုပ်အတွက် ဓာတ်ပုံဖြစ်သည်မို့ စိတ်ဓာတ်ကျနေပုံမပေါက်သဖြင့် သူမ ဂုဏ်ယူရမည်ပင်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now