CH-52

1.9K 238 0
                                    

Unicode

လီချင့်ဟွားက လူထုအမြင်ကို ဂရုမစိုက်တော့သရွေ့ သူမ အလွန်ပျော်ရွှင်နေရပြီ။

မကြာခဏ သက်ပြင်းချတတ်တဲ့ သူ့ခင်ပွန်းဖြစ်သူနဲ့ ရင်ဆိုင်ရန် အလွန်ခက်ခဲလှပါသည်။

မကြာသေးမီက ခင်ပွန်းဖြစ်သူက သူမနှင့် လမ်းခွဲခဲ့ကာ ကွာရှင်းတော့မလိုပင်။

လီချင့်ဟွားက ကွာရှင်းပြတ်စဲနိုင်သော်လည်း ချုံကျိုးကျွန်းမှ မထွက်သွားချင်ပေ။ သူမဟာ ဤကျွန်းကို ခင်ပွန်းဖြစ်သူထက် ပိုချစ်မိသွားခဲ့ပြီ။

ခင်ပွန်းဖြစ်သူက သူမအား ကြိမ်းမောင်းလေရာ "ဒီလိုမျိုး မင်း နေချင်သလို နေလို့မရဘူးကွ!"

ဟုတ်ပါတယ်၊ ကျွန်းပေါ်မှာ ဆက်နေနိုင်ဖို့အတွက် သူမကိုယ်သူမ ကယ်တင်ရမယ်။

လီချင့်ဟွားက ချင်းရို့ကို ကြည့်လိုက်ကာ အနှီလှပသော မိသားစုဝင်အသစ်လေးဟာ ဟွမ်ရင်းရင်း၏ အိမ်နီးချင်းဖြစ်သလို ဖုန်းရွှေမကောင်းသော အနှီအိမ်တွင် နေထိုင်သူလည်းဖြစ်သည်မို့ သူမရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ကူးကြည့်နိုင်နေခဲ့ပါပြီ။

- သူမလည်း မကြာခင် ကွာရှင်းတော့မှာ ဖြစ်နိုင်တယ်နော်။

လီချင့်ဟွားက နိုင်ငံရေးရာဝန်ထမ်းနောက်သို့လိုက်သွားဖူးသဖြင့် တော်လှန်ရေးစကားအနည်းငယ်ကို ကြားခဲ့ဖူးပါသည်။ သူမက ရဲဘော်ရှောင်ချင်းနှင့် တစ်ခုလပ်ရှေ့တန်းမဟာမိတ်ဖွဲ့နိုင်ပြီး တော်လှန်ရေးရဲဘော်ရဲဘက်တွေ ဖြစ်လာနိုင်လိမ့်မယ်လို့ သူမခံစားမိသည်။

"နင့်ယောက်ျားက တစ်ပတ်ကို နှစ်ခါ၊ သုံးခါပဲ ပြန်လာတာလား?"

လီချင့်ဟွားက နှုတ်မှလွှတ်ခနဲထွက်သွားကာ "အဲ့ဒါက တကယ်ကောင်းတာပဲ..."

သူမယောကျ်ားသည်လည်း ကမ်းခြေစစ်တပ်မှာပဲတာဝန်ကျသလို သူက မကြာခဏ အိမ်ပြန်လာတတ်သဖြင့် လီချင့်ဟွားမှာ အကြိမ်ရေနည်းနည်းပဲ အိမ်ပြန်လာရင်ကောင်းမယ်လို့ မျှော်လင့်နေခဲ့ပေသည်။ သူပြန်မလာသည့်အချိန်တိုင်း သူ့ဆီက မဆုံးနိုင်တဲ့အပြစ်တင်စကားတွေကို သူမ နားမထောင်ရသောကြောင့် ပို၍ပျော်ရွှင်ရလေ၏။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now